ကျွန်တော့်အတွက်တော့ ပျော်စရာ သိပ်မကောင်းတဲ့ Christmas နေ့တစ်နေ့ပါ

25/12/2008

ကြွေနေတဲ့ကြယ် ငိုနေတဲ့လ

24/12/2008


song
1-စကားပြော
2-ကြွေနေတဲ့ကြယ် ငိုနေတဲ့လ -ရေး/ဆို..အလိမ္မာ(JAPAN)
ဒီသချင်းကို မျိုးသာကီအတွက် ရဲဝံ့ ဒို့အာဇာနည် Blog ကသယ်လာတာပါ။

ဆန်လိုချင်တယ်ကွာ

23/12/2008

အခုတလော ကမ္ဘာ့စီးပွားပျက်ကပ် ထဲမှာ ဂျပန် လဲမလွတ်ပါဘူး။ ကားကုမ္မဏီ တွေ လျှပ်စစ်ကုမ္မဏီ တွေအရှုံးပေါ် လို့ အလုပ်သမားတွေ အလုပ်ပြုတ်ကြလို့ စားဝတ်နေရေး အတွက် ရတဲ့ဆန် ယူရတော့မယ် ထင်ပါတယ်။

စင်ပြိုင် အစိုးရနဲ့ တပ်ပေါင်းစု

22/12/2008

National Coalition Government of the Union of Burma (NCGUB)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
National Council of the Union of Burma (NCUB)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ

NCGUB
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း
ဦးဘိုလှတင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး (USA)
ဒေါက်တာစန်းအောင် ဝန်ကြီးချုပ်ရုံးဝန်ကြီး (East)
ဒေါက်တာတင့်ဆွေ ဝန်ကြီးချုပ်ရုံးဝန်ကြီး (West)
ဦးခွန်မားကိုဘန်း ဖက်ဒရယ်ရေးရာဝန်ကြီး
ဦးသိန်းဦး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးရာဝန်ကြီး
NCUB
ဒီအဖွဲ့ကြီးမှာ အင်အားစုလေးခု ပါဝင်ပါတယ်။
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB)
အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (NLD-LA) ၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ (MPU)၊
အထက်ပါအင်အားစုတွေကို ကြည့်လိုက်ရင် စုစုပေါင်း အဖွဲ့ ၂၈ ဖွဲ့ ရှိတာကို တွေ့နိုင်ပါတယ်။
လုပ်ငန်းလည်ပတ်ဖို့ ကိုယ်စားလှယ်ပေါင်း ၇၀ ကို စုစည်းထားပါတယ်။
DAB မှ ၃၃ ဦး
NDF မှ ၁၀ ဦး
NLD-LA မှ ၁၀ ဦး
MPU မှ ၁၇ ဦး
ဒီအယောက် ၇၀ က ဦးမောင်မောင်ကို အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပါတယ်။NCGUB က စင်ပြိုင်အစိုးရဖြစ်တယ်၊ NCUB ကတော့ အဖွဲ့ချုပ်ကြီးနဲ့ ဆင်တူပါတယ်။
www.ncub.org မှာ အင်အားစု ၄ ခုရဲ့ အဖွဲ့အစည်းအမည်တွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။
Democratic Alliance of Burma (D.A.B.)
၁၉၈၈ မှာ စုစည်းတည်ထောင်တယ်။ ပါဝင်တဲ့ အဖွဲ့စာရင်းက အခုလို ဖြစ်ပါတယ်။
1. A.L.P (Arakan Liberation Party ).
2. A.B.S.D.F (All Burma Students Democratic Front).
3. A.B.M.U (All Burma Muslim Union).
4. A.B.Y.M.U(All Burma Young Monks Union).
5. C.N.F (Chin National Front). Founder Member
6. C.R.D.B (Committee for Restoration of Democracy Burma)
7. D.P.N.S ( Democratic Party for New Society).
8. D.P.A (Democratic Party for Arakan).
9. F.T.U.B ( Federation of Trade Union Burma).
10. K.N.U ( Karen National Union). Founder Member
11. L.D.F (Lahu Drmocratic Front). Founder Member
12. M.L.O.B (Muslim Liberation Organization Burma).
13. M.D.U.F (Myeik Dawei United Front).
14. N.N.L.D( NaGa National League for Democracy).
15. N.D.D ( Network for Democracy and Development).
16. P.S.L.F( pa-laung State Liberation Front).
17. P.P.L.O ( Pa-O People Liberation Organization).
18. W.N.O (Wa National Organization).
19. O.B.L.F( Oversea Burmese Liberation Front).
20. O.K.O (Oversea Karen Organization).
21. P.P.P (People's Patriotic Party).
22. P.L.F ( People 's Liberation Front).
23. P.P.F ( People's Progressive Front).
24. P.D.F (People's Defence Force).
National Democratic Front (N.D.F)
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ပေါင်းစုထားတယ်။ ၁၉၇၆ မှာ စတင်ခဲ့တယ်။ ဒီထဲကအဖွဲ့တွေက အထက်က DAB မှာလည်း ပါဝင်ကြပါတယ်။
1. A.L.P (Arakan Liberation Party ).
2. C.N.F (Chin National Front).
3. L.D.F (Lahu Democratic Front).
4. P.S.L.F( Pa-laung State Liberation Front).
5. P.P.L.O ( Pa-O People Liberation Organization).
6. W.N.O (Wa National Organization).
7. N.M.S.P( News Mon State Party).
8. K.N.L.P (Kayan New land Party).
9. K.N.U ( Karen National Union).
Members of Parliament Union (MPU)
၁၉၉၆ မှာ ဖွဲ့စည်းတယ်။ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သီးသန့် ဖွဲ့ထားပါတယ်။
National League for Democracy (Liberation Area) (NLD-LA)
ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ၁၉၉၁ မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်များ အခြေချ နေထိုင်ခွင့်ပြုတော့မည်

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာဒုက္ခသည်အချို့ကို နိုင်ငံတွင်း နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။
၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀ ဦးကို ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုရန် အင်္ဂါနေ့တွင် ပြုလုပ်သည့် ဝန်ကြီးချုပ်Taro Aso ကိုယ်တိုင် တက်ရောက်သော ဂျပန်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
မြန်မာဒုက္ခသည်များကို ထောက်ပံ့ကူညီမည့် အစီအစဉ်များကို ဥပဒေရေးရာမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၉ ခုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးနေကြသည်ဟု သိရသည်။
ဒုက္ခသည်များကို ၁၅ ဦးခန့်စီ ၂ သုတ်ခွဲ၍ ခေါ်ရန် ကနဦး သတ်မှတ်ထားသည်ဟု မစ္စတာ တာနာကာ က ပြောသည်။ဒုက္ခသည်များကို ခေါ်ယူရေး အစီအစဉ်ကို ဂျပန်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်၍ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။
ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များ၏ တတိယ နိုင်ငံများသို့ အခြေချနေထိုင်မှုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြား ဥရောပနိုင်ငံများက လက်ခံကာ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဂျပန်နိုင်ငံသည် အာရှတိုက်တွင်းမှ ပထမဆုံး လက်ခံဆောင်ရွက်ပေးသည့် နိုင်ငံတခု ဖြစ်သည်။ဂျပန် နိုင်ငံသည် လူသားချင်း စာနာသည့် လုပ်ငန်း ဆောင်တာများ အတွင် ဒေါ်လာ သန်းပေါင်း (၁၁၀) ကျော် ကျခံ သုံးစွဲခဲ့ သည်ဟု သိရှိ ရသည်။
၂၀၀၈ နှစ်ဦးပိုင်း ကုလသမဂ္ဂ စစ်တမ်းများအရ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ ပြင်သစ်နိုင်ငံသို့ ၁ သောင်းကျော်၊ အင်္ဂလန်နိုင်ငံသို့ ၆ ထောင်ကျော်နှင့် အမေရိကန် နိုင်ငံသို့ မြန်မာဒုက္ခသည် ၂ သောင်းကျော် အခြေချနေထိုင်ရန် ရောက်ရှိပြီး ဖြစ်သည်။

ရဟန်းမစား အပ်သည့် အသားကြီး (၁၀)မျိုး

21/12/2008

ရဟန်းမစား အပ်သည့် အသားကြီး (၁၀)မျိုးမှာ-
၁-လူသား
၂-ဆင်သား
၃-မြင်းသား
၎-ခြင်္သေ့သား
၅-ကျားသား
၆-ကျားသစ်သား
၇-ဝံသား
၈-မြွေသား
၉-ခွေးသား
၁၀-အောင်းသား
တို့ဖြစ်ကြသည်။ မြတ်စွာဘုရား ပညတ်ခဲ့သော အသားကြီး ၁၀ မျိုးကို စားမိပါက ထိုစားမိသော ရဟန်းသည် လူသားကို စားမိပါက ထုလ္လစဉ်း အာပတ်သင့်၍ ကျန် အသား ၉ မျိုးမှာ ဒုက္ကဋ် အာပတ် သင့်ပါသည်။

ဒေါ်လာ (၁၀) သန်း တန် ဖိနပ်

20/12/2008

အမေရိကန် သမ္မတ George W. Bush အား အီရတ် သတင်းထောက် Muntadar al-Zaidi (၂၈ နှစ်)က ဖိနပ် နှစ်ဖက်ဖြင့် 14.DEC.2008 ရက် Baghdad မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည်။ ၎င်းဖိနပ်ကို Saudi Arabia အနောက်တောင်ဘက်မှ Hassan Mohammad Makhafa (၆၀ နှစ်) က အီရတ် သတင်းထောက် ပစ်ပေါက်ခဲ့သော ရှူးဖိနပ်ကို လွတ်မြောက်ရေးဆုတံဆိပ် အဖြစ် သတ်မှတ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချ၍ အမေရိကန် ဒေါ်လာ (၁၀) သန်း ပေးဝယ်မည်ဟုပြောကြောင်း Al Arabiya သတင်းဌာနက ဖော်ပြခဲ့သည်။

ဓါတ်ပုံကောင်းတစ်ပုံ (ယာဉ်တိုက်မှု ကင်းမဲ့ဇုန်)

14/12/2008

နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီခန့် မဟာဗန္ဓုလ ပန်းခြံ အနီး ဧမာနွေလ ဘုရားကျောင်း အနီး မှာ ကားဘရိတ်ပေါက် ပြီးတိုက်မိတာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိမှု မရှိဘူး လို့သိရပါတယ်။

The U.N. Moves Forward

04/12/2008

ဘန်ကီမွန်း ရယ် လာမနေပါနဲ့။

နအဖ ရဲ့ ဟာသ

03/12/2008

ဒီနေ့ နေရာ တော်တော်များများမှာ တွေ့လိုက်ရတဲ့ သိန်းစိန် ရဲ့ဟာသ ကတော့ တော်တော် ရီရတယ်။၂ ရက် ဒီဇင်ဘာ ၂၀၀၈ ရဲ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၉ မှာပါတာပါ။

Smiling Face by Venus,Moon and Jupiter

၁ ရက်နေ့ ဒီဇင်ဘာ ၂၀၀၈ ညပိုင်းတွင် အနောက်တောင် ကောင်းကင် ၌ လ နှင့် နီးကပ်စွာ ကြာသာပတေး ဂြိုလ် နှင့် သောကြာဂြိုလ် နှစ်လုံး ထင်ရှားစွာ ပေါ်ထွက်ခဲ့ သဖြင့် လူတစ်ဦး ပါးစပ်ဟ ပြီး ရယ်နေတဲ့ ပုံ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်ပေါ်မှု မှာ ရက်သတ္တပတ် အတွင်း နောက်ထပ်ပြန်လည် ပေါ်ပေါက်နိုင်ပြီး လမှာ အနောက်ဖက်သို့ ရွေ့လျား သွား၍ ပျောက်ကွယ် သွားမည် ဖြစ်ပါသည်။