ဓနုတ်စေတီ ပြိုကျ

31/05/2009

ဓနုတ်ကျေးရွာ မှာ ရန်ကုန် တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ဝန်းကျင် အကွာအဝေး တွင် တည်ရှိပြီး၊ ယမန်နှစ် နာဂစ် မုန်တိုင်း ဒဏ် ခံစား ခဲ့ရသည့် ကျေးရွာ တရွာလည်း ဖြစ်သည်။ ရှေးဟောင်း စေတီ တဆူဖြစ်သည့် ထိုစေတီ ကို နာဂစ် မုန်တိုင်း နောက်ပိုင်း ပြန်လည် ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ် ခဲ့သည်ကို ကြားသိ ခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများ မပြီးဆုံးမီ လွန်ခဲ့သည့် နှစ် ပတ်ဝန်းကျင် က နအဖ စစ်ခေါင်းဆောင် ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် က လာရောက် ထီးတင် ခဲ့သည် ဟုသိရသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ဓနုတ် ကျေးရွာ တွင် တည်ရှိသော ဓနုတ် စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျ ရာမှ ရေတပ်သား အပါအဝင် ၅၀ ဦးထက် မနည်း ဆေးရုံ တင်ထားရပြီး လူ ရာဂဏန်း နှင့် ချီဒဏ်ရာ ရရှိ ကြောင်း ကြားသိရသည်။ မေလ ၃၀ ရက် နေ့လည် ၂ နာရီ ၃၀မိနစ် ဝန်းကျင် က ရှေးဟောင်း စေတီ ကို ပြန်လည်ပြင်ဆင် လျက် ရှိသည့် ဓနုတ် စေတီ ပြိုကျ ရာတွင် လုပ်အားပေး လုပ်ကိုင် နေသည့် ရေတပ်မှ စစ်သား အများအပြား နှင့် နေ့စား အလုပ်သမား များနှင့် ရွှေသံလွင် ကုမ္ပဏီ မှ ဆောက်လုပ်ရေး အလုပ် သမားများ ဒဏ်ရာ ရရှိခဲ့ကြသည်။

ဒီပဲယင်း ၆ နှစ်ပြည့်

30/05/2009

၁၉၉၃ မေလ ၃ဝ ရက်နေ့ည က ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် အဖွဲ့ဝင် များကို တင်ဆောင် လာသော မော်တော် ယာဉ်တန်း သည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ပြင်တွင် တုတ်၊ ဓား စသည့် လက်နက်မျိုးစုံ ကိုင်ဆောင် စောင့်ဆိုင်း နေသော လူအုပ်ကြီး ၏ တိုက်ခိုက်မှု ကို ခံခဲ့ရကြောင်း မျက်မြင် သက်သေ များက ပြောသည်။
ကားမှန်များ ကွဲသွားသည့် အချိန်တွင် ယာဉ်မောင်းသူ ကိုကျော်စိုးလင်းက သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် လူအုပ် အတွင်းမှ မောင်းထွက် သွားသဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ထိုသတ်ကွင်း အတွင်းမှ လွတ်မြောက် သွားခဲ့သည်။
“ကားထဲကို တုတ်၊ ဓားတွေနဲ့ ပစ်လို့ ကျနော်တောင် မှ ခေါင်းကွဲ သွားသေးတယ်” ဟု ကိုကျော်စိုးလင်းက ပြောသည်။
သံဆူးကြိုး အရံအတားများ ကို ဖောက်ထွက် အပြီး ဝင်ရောက် တိုက်ခိုက်လာသော ဒိုင်နာကား ၂ စီး ကိုလည်း ရှောင်ထွက် ခဲ့ကြောင်း၊ ထို့ပြင် ရေဦးမြို့သို့ သွားသည့် လမ်းတွင် စောင့်နေသော ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ ကိုလည်း ဖောက်ထွက် နိုင်ခဲ့ကြောင်း ကိုကျော်စိုးလင်းက ပြောသည်။ သေနတ်သံများ ထွက်ပေါ် လာသော်လည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို ကျည်ဆန် ထိမှန်ခြင်း မရှိဟု ဆိုသည်။
“ဒီပဲယင်း မရောက်မီ နှစ်မိုင်ခန့် အကွာ မြို့အဝင် တွင် ဒေါ်စုကြည်အား ကန့်ကွက် ဆန္ဒပြရန် စောင့်နေသည့် လူ အင်အား (၅ဝဝဝ)ခန့် ရှိသည့် လူစု လူဝေး နှင့် ကြုံတွေ့ ခဲ့ရကြောင်း”ဟု တိုက်ခိုက်မှု အပြီး နောက်တနေ့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အာဏာပိုင် တို့က ပြောကြား ခဲ့သည်။ လူ ၄ ဦး သေဆုံးပြီး ၅ဝ ခန့် ဒဏ်ရာ ရသွားသည် ဟု ဆိုသည်။ မျက်မြင် သက်သေ များကမူ ထိုထက်မက သေဆုံး၊ ဒဏ်ရာ ရမှုများ ရှိသည်ဟု ပြောကြသည်။

Animation 2 Original

29/05/2009

ဒေါ်အောင်ဆန်းစုကြည် လွှတ်ရေး ဆန္ဒပြသူ အဖမ်းခံရ

28/05/2009

ဒီနေ့ အင်းစိန်ထောင် ရှေ့တွင် နေ့လည် ၁ နာရီခွဲခန့် က ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် လေတပ်မှ အငြိမ်းစား ဗိုလ်ကြီး ဦးဇော်ညွန့် ဆိုသူ က ဆိုင်းဘုတ် ကိုင် တောင်းဆို ဆန္ဒပြ သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်သည်။

နမူနာပေးခြင်း သည်းခံပါ

အကြောင်း မလျော်သော အခါ အလောင်းတော်ပင် အိုးတော် လုပ်ရသည်။ ဖျာတော် ရက်ရသည်။ စားတော် ချက်ရသည်။ ဂုရုကွေး လို ဘာမဟုတ် ညာမဟုတ် စာရေးဆရာ က ဘာရှက်ရမည်နည်း။
“ငါ ဈေးရောင်းမယ် ဒကာဆိတ်”
ဟိုက် ရှာလပတ်ရည်။ အသက်သုံးထောင် ဂုရုကွေးကြီးက ဈေးရောင်မယ် ဆိုပါလား။ ရတဲ့စာမူခ ဖွတ်ကလိ ဒင်္ဂါးနှင့် ဆရာတပည့် နှစ် ယောက် ဘယ်လိုမှ အကွက် မလည် တော့ပေ။ ဒီထဲ အိမ်မှာ မွေးထားသော ခွေး လေးကောင် ၏ တာဝန်က ရှိသေးသည်။
“ဂုရုကြီး ဈေးရောင်းဖူးလို့လား”
“သိပ် ရောင်းဖူးတာပေါ့ကွာ၊ မင်း ငါ့ဆီမရောက်ခင် ဓနုဖြူ မှာနေစဉ်က ငါရောင်းခဲ့တာ။ အိမ်မှာက ဘဘရယ် အန်တီရယ် ငါရယ် သုံး ယောက်နေတယ်။”
“စာရေးတာနဲ့ မလောက်လို့ ဈေးထွက် ရောင်းရတာ”
“ဘယ်မှာ ရောင်းတာလဲ…ငါ့အဖေရဲ့ဇာတိ ဝါးခယ်မ မြို့နယ် လမ်းသမိုင်ကျုံပေါက် ရွာ မှာလွယ်အိတ်ကလေး တစ်လုံး လွယ်ပြီး ရောင်း တာ”
ရွာနီးချုပ်စပ် တွေကို ကုန်းကြောင်း တမျိုး လှေနှင့်တဖုံ ရောင်းတာ။ ဖိုးကျုတ် ဆိုတဲ့ ကျုံပေါက် ရွာသား ငါ့သူငယ်ချင်း က ချောင်းကြို ချောင်း ကြား လှေလှော်ပြီး လိုက်ပို့ ပေးတယ်။ ငါက လယ်သမား တဲစုတွေကို တက်ရောင်းတာ”
“ဘာတွေ ရောင်းတာလဲ”
“ဓနုဖြူ ဦးဘိုးချမ်းရဲ့ ရွှေရည်စိမ် ပစ္စည်း တွေပါ။ လက်ကောက် ဆွဲ ကြိုး၊ လက်စွပ်၊ နားဆွဲ၊ တကယ့် ရွှေအစစ်နဲ့ မခြားအောင် ရွှေရည်စိမ် ထားတဲ့ လက်ဝတ် လက်စားတွေပါ”
“ဂုရုကြီးက အခု ဘာရောင်းမှာလဲ”
“လျက်ဆား ရောင်းမှာကွ။ တောင်ဥက္ကလာ ဆယ်ရပ်ကွက် ဈေးထဲက ငါ့အသိ ပရ ဆေးဆိုင်က ပရ ဆေးပစ္စည်း တွေ အကြွေး ရတယ်။ အဲ ဒါတွေနဲ့ လျက်ဆား ဖော်ပြီး ရောင်းမှာ။ တောင်ဥက္ကလာ ရပ်ကွက်စုံ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အဲဒီ မြို့တွေကိုလျက်ဆားပုံး လွယ်ပြီး လျှောက်ရောင်းမှာ”
“ဟိုက် ရှာလပတ်ရည်၊ စီးပွားရေး မျက်စိ တော်တော် ရှိတာပဲ လျက်ဆား နာမည်က…”
“ဖေဇော်ဂျီ လျက်ဆား”
“လာပြီလေ…ဖေဇော်ဂျီလျက်ဆား…လေမသက်လို့ အနေခက် နေသလား။ လေထိုးလို့ အနေဆိုး နေသလား…လေမစုန် လို့ငွေကုန် နေသ လား။ ဘာမှ မကြောက်နဲ့ သေမှာပဲ…(အဲလေ) ပျောက်ရမယ်…”
“ဖေဇော်ဂျီ လျက်ဆား လာပြီ…အထက်သိကြား က လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ဗမာ လိုခေါ်တော့ လျက်ဆား၊ အင်္ဂလိပ်လို ခေါ် တော့ ရားဆက်၊ အဖိုး နည်းသလောက် ပုဆိုး ကွဲအောင် ပေါက်တဲ့ လျက်ဆား…ဇမ္ဗူခွင်တလျှေက်မှာ ဘူဒင် ပေါက်လိုက်ရင်…ဟိုး မအူပင် လောက်က ကြားနိုင်တဲ့ လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော် လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဂုရုကွေးသည် ဓနုဖြူတွင် တန်ဆောင်တိုင် ပြဇာတ် ကစဉ်က ဝတ်ခဲ့သော အပေါ်နီ အောက်နီ ဇော်ဂျီ ဝတ်စုံ ကို ဝတ်ထားသည်။ ဇော်ဂျီ ခေါင်းဆောင်းကို စွပ်ထားတော့ ရှေ့တလက်မ နောက်ပြောင် ခေါင်းတုံး ဆံတောက် ပျောက်နေသည်။ ပုံစံပြောင်း ထားတော့ ဟာကြူလီ ငပျော့လည်း မသိ။ ဆိုက်ကားမာစတာ စာကလေးလည်း မသိ။ ဝတ်ဆင် ပေးသော ဒကာဆိတ် တယောက်သာ သိသည်။
“ဖေဇော်ဂျီ လျက်ဆား လာပါဦးဗျို့”
တောင်ဥက္ကလာ ၅ ရပ်ကွက်မှ အိမ် တအိမ်က ထွက်ခေါ်သည်။ ဂုရုကွေးကို ချက်ချင်း မမှတ်မိ။ ဇော်ဂျီအတု၊ ဇော်ဂျီ အင်ကြီးကို တကယ့် အစစ် ထင်နေပုံရသည်။
“တထုပ် ဘယ်လောက်လဲ”
“မြန်မာကျပ်ငွေ ငါးဆယ်ပါ”
“နှစ်ထုပ် ပေးပါ ”
“ဒါ…ဒါ… ”
လျက်ဆား ဝယ်ရင်း ဂုရုကွေးကို တဖြည်းဖြည်း မှတ်မိပုံ ရလာသည်။
“ဒါ…ဒါ ကျမတို့ ရပ်ကွက်မှာ စာ လာဟောဖူးတဲ့ ဆရာကြီး ဂုရုကွေး မဟုတ်လား”
“ဟုတ်ပ ခင်ဗျာ… ဆရာကြီး ဂုရုကွေး ဆိုတာလည်း ဟုတ်ပါတယ်၊ မသာကြီး ဂုရုကွေး ဆိုလည်း မှန်ပါတယ်၊ သေရင် မသာ ဖြစ်ရမယ် မဟုတ်လား”
“ဘယ်…ဘယ်လိုဖြစ်ပြီး လျက်…လျက်ဆား ရောင်းနေ တာလဲ”
“ဒီလိုပေါ့ဗျာ၊ အကြောင်း မလျော်ရင် အလောင်းတော်တောင် အိုးတော် လုပ်ရတာပဲ။ ဖျာတော် ရက်ရတာပဲ၊ စားတော် ချက်ရတာပဲ၊ ကျုပ်လည်း စာရေးတဲ့ အလုပ် တခုတည်းနဲ့ မပြေလည်လို့ လျက်ဆား ထွက်ရောင်းတာ”
“ဒါဆို နှစ်ရာတန် ပြန်မအမ်း ပါနဲ့တော့၊ နောက်နှစ်ထုပ် ထပ်ပေးပါ”
“ကျေးဇူး တင်ပါတယ်ဗျာ၊ အမ်းစရာလည်း မရှိဘူး၊ အခုမှ ဈေးဦး ပေါက်တာပါ။ သွားမယ်ဗျို့…လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား အဖိုးနည်း သလောက် ပုဆိုးကွဲအောင် ပေါက်တဲ့ လျက်ဆား၊ ဇမ္ဗူခွင် တလျှောက်မှာ ဘူဒင် ပေါက်လိုက်ရင် ဟိုး…မအူပင် လောက်က ကြား နိုင်တဲ့လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော်လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဈေးသည်တို့မည်သည် ရောင်းစရှိလျှင် ရောင်းချင်ချင် စိတ်အား တက်ကြွလာသည်။ အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် စာပေဟောပြောပွဲ စင်မြင့်မှာ ဟောသလို အော်ကြီးဟစ်ကျယ် လုပ်လာရာ ၅ ရပ်ကွက်ရှိ အိမ် တော်တော် များများမှ ဝယ်ယူ အားပေးကြသည်။
“လျက်ဆား…လျက်ဆား…ချောင်းဆိုး ရင်ကျပ်၊ သာမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တဲ့ လျက်ဆား။ သွေးတိုး၊ နှလုံး၊ လေငန်း၊ ဆီးချို အကုန်ပျောက်တယ်။ ကင်ဆာ အမျိုးမျိုး အကုန် ပျောက်တယ်။ လျက်ဆား… လျက်ဆား ဖေဇော်ဂျီ လျက်ဆား ”
ပြင်လွန်းတော့ ဖင်ချွန်း ဆိုသလို ကြွားလွန်းတော့ အမှားစွန်း လာသည်။ အေအိုင်ဒီအက်စ် ပျောက်တယ် ဆို၍ အိမ် တအိမ်မှ ပိန်ညောင်ညောင် လူ တယောက်က ထွက်ခေါ်သည်။
“ဗျို့ အေ့စ် ပျောက်တယ် ဆိုတဲ့ လျက်ဆား လာပါဦးဗျို့”
ဖေဇော်ဂျီ ဂုရုကွေးသည် သူ့ပုံစံ အတိုင်း ရင်ကော့ ခေါင်းမော့၍ ဝင်သွားသည်။
“ဟိုက် ရှာလပတ်ရည်၊ အသက်သုံးထောင် ဂုရုကွေးကြီး ပါလား။ ကျုပ်က ဇော်ဂျီ ဝတ်စုံကြီးနဲ့ ဘယ်က ဇာတ်ရူး ကြီးလဲလို့ ကြည့်နေတာ။ ဂုရုကြီး လျက်ဆား က အေအိုင်ဒီအက်စ် တကယ် ပျောက်လို့လား” “ဒီလိုပေါ့ဗျာ ဈေးသည် ဆိုတာ ဈေးဝယ်သူ စိတ်ဝင်စားအောင် ကိုယ့်ကုန် ပစ္စည်းကိုယ် ကြံဖန်ရွှီးရ တာပဲ။ ချောင်းဆိုးတော့ ကောင်း သလား မမေးနဲ့၊ ကျုပ် ချောင်းဆိုး တုန်းက ကျုပ်လျက်ဆား ကျုပ်ပြန်လျက်တာ ချောင်းဆိုး မပျောက်တဲ့ အပြင် သလိပ်ကပ် ရင်ကျပ်ပြီး ချွဲတွေပါ ထွက်လာတယ်။ တခြား လျက်ဆား ဝယ်လျက်မှ ပျောက်သွားတယ်”
“သွတ်…သွတ်…သွတ်…သွတ်…”
“ကဲဗျာ ဘာပဲဖြစ်ဖြစ် ဂုရုကြီးရဲ့ စာဖတ် ပရိသတ် တယောက် အနေနဲ့ လျက်ဆားကို အားပေး လိုက်ပါ့မယ်။နှစ်ထုပ် ပေးပါ။ ဘယ်လောက် လဲ”
“တထုပ်ငါးဆယ် နှစ်ထုပ်တစ်ရာပါ”
မည်သို့ပင်ဖြစ်စေ မိမိ၏ စာဖတ် ပရိသတ် နှင့်တွေ့သဖြင့် လျက်ဆား နှစ်ထုပ် ရောင်းခဲ့ ရသည်။ လျှောက်လာပြီး လမ်းကြားလေး တခုတွင်း သို့ချိုး ဝင် လိုက်သည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ချောင်းဆိုး ရင်ကျပ် ပျောက်ရုံမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တယ်။ ဦးနှောက် အာရုံကြော အားနည်းတာ ပျောက်တယ်။ နှလုံး သွေးကြော ကျဉ်းတာ ပျောက်တယ်။ ဆီးကျိတ် ရောင်တာ ပျောက်တယ်”
ထိုလမ်း ကလေးထဲတွင် တိုက်မရှိ၊ တိုက်ခံအိမ် မရှိ၊ ရိုးရိုး ပျဉ်ထောင်အိမ် တောင့်တောင့် တင်းတင်းပင် မရှိ။ မင်္ဂလာလမ်း မှ ဂုရုကွေး၏ အိမ်စုတ် ကလေးကဲ့သို့ ခပ်နွမ်းနွမ်း အိမ်တွေသာ ရှိသည်။ မည်သည့် အိမ်ကမှ ထွက်မခေါ်။ လမ်းထဲက ခွေး တွေသာ ဇော်ဂျီ ဝတ်စုံနှင့် ဂုရုကွေး ကို ဝိုင်း ဟောင်ကြသည်။ ခွေးတွေ ဟောင် သဖြင့် အိမ် တွေက ဂုရုကွေး ကို အထူး အဆန်း အဖြစ် ထွက်ကြည့် ကြသည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ၊ လက်ဝါး ပြရင် လျက်ဆား ရမယ်၊ ငါ သူတပါး ယောက်ျား မိန်းမ ကလေး လူကြီး အခြာက် ပါမကျန် မည်သူ မဆို လက်ဝါး ပြရင် လျက်ဆား ရမယ်” ဝယ်မယ့်သူ မရှိသည့် အပြင် အရူးကြီး တယောက်လို ဝိုင်းကြည့်ကြ သဖြင့် ဂုရုကွေး ခံပြင်း လာသည်။ ဈေးသည် မာနကို ထိခိုက် လာသည်။ ဒေါသ ဖြစ်ဖြစ်နှင့် လျက်ဆား မရောင်း တော့ဘဲ လျက်ဆား နမူနာ ပေးသည်။
“လျက်ဆား လိုချင် လက်ဝါးပြ”
“မပြဘူး”
ကလေးလေး တယောက်က ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေသည်။
“လျက်ဆား လိုရင် လက်ဝါး ပြ နမူနာ ပေးမယ်”
“မလိုချင်ဘူး”
မိန်းမ တယောက်က ခံပြင်းသံဖြင့် ပြန် ဖြေသည်။
“ခင်ဗျားတို့က ဘယ်လိုတွေလဲ၊ နမူနာ ပေးတာတောင် မယူ ရအောင် ဘာဖြစ် နေလို့လဲ၊ ဖွတ်ကလိဒင်္ဂါး ပေးစရာ မလိုပါဘူး နမူနာ အလကား ပေးနေ တာပါ”
ဤတွင် တလမ်းလုံးမှ လူများက နမူနာ မယူချင်ဘူးဟု တသံတည်း ပြန်ဖြေကြသည်။
“ဘာဖြစ်လို့ မယူချင်တာလဲ”
သူတို့၏ အဖြေကိုကြားရသော အခါ ဖေဇော်ဂျီ ဂုရုကွေးသည် ဟိုက် ရှာလပတ်ရည်၊ မအော်နိုင်ဘဲ ပါးစပ် ဟောင်းလောင်း ပွင့်သွားသည်။
“အစာ ကြေမှာ စိုးလို့”
(အီကြာကွေး)
မဟေသီ(ရုပ်စုံမဂ္ဂဇင်း) အမှတ် ၂၉၁၊ မတ်လ၊ ၂၀၀၉ ခုနှစ်

မှတ်ချက်-www.naytthit.com မှ

ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် အိုဘားမား တောင်းဆို

27/05/2009

အခွင့်အရေး သမား

23/05/2009

အခွင့်အရေး သမားဆို သိပ်မုန်းတဲ့ ချုပ်ချုပ်

ဝက်ဖြူကြီး ရဲမြင့်အောင်

22/05/2009

ဝက်ဖြူကြီး နဲ့ တူတဲ့ ကိုလူချော

ဒေါ်အောင်ဆန်းစုကြည် အမှု နေ့စဉ် မှတ်တမ်း

21/05/2009

ဒေါ်အောင်ဆန်းစုကြည် အမှု နေ့စဉ် မှတ်တမ်း ဒေါ်အောင်ဆန်းစုကြည် အမှု နေ့စဉ် မှတ်တမ်း (ဧရာဝတီ မှ)

အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားခြင်း

15/05/2009

To Protect & Respond To Protect & Respond absdf

No visa for swimmers

13/05/2009

ရေကူး ချန်ပီယံ မဝင်ရ

Mother's Day

10/05/2009

အမေများနေ့ အမှတ်တရ
မေလ ၁၀ ရက် (Aung San Suu Kyi)

ဒေါ်စုအိမ် သို့ လျှို့ဝှက်ဝင်ရောက်သူဖမ်းဆီးရမိ

08/05/2009

မေလ ၃ ရက်နေ့ ညတွင် အမေရိကန် ပတ်စ်ပို့ (pp No-4397677222/28.4.2008) ကိုင်ဆောင် ထားသူ အမေရိကန် နိုင်ငံသား Mr.John William Yeattaw ဆိုသူ သည် ဒေါ်စု၏ နေအိမ် သို့ ရေကူးပြီး သွားရောက် ခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ ညပိုင်း တွင် ရေကူးပြီး ပြန်စဉ် မေလ ၆ ရက် နံနက် ၅ နာရီခွဲ တွင် အင်းယားကန် အတွင်း၌ ဖမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒီသတင်းအရ အမေရိကန် နိုင်ငံသားတွေ ရေကူး သင်ဖို့လိုပြီ။

သန်းရွှေ ဟာသ

07/05/2009

နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး ခန်းမ၌ ပြီးခဲ့သည့် မေလ (၄) ရက် တနင်္လာနေ့ က ကျင်းပသော အထူး စီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့၏ (၁/၂၀၀၉) ညှိနှိုင်း အစည်း အဝေး တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ

ကချင် လွတ်လပ်ရေး တပ်မတော် KIA (Kachin Independence Army)
၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၄၀၀၀ မှ ၅၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA (United Wa State Army)
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား (လက်နက်ကိုင် စစ်သား)။ ၃၀၆၀၀ (အငြိမ်းစားယူထားသူများ အပါအဝင်)
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S (Shan State Army -South)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။
ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) KNU (Karen National Union)
အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါ။
လက်ရှိအင်အား ။ ၃၀၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။
မွန်ပြည်သစ်ပါတီ NMSP (New Mon State Party)
၁၉၉၅ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၇၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။
ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K (New Democratic Army-Kachin)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၅၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ဝင်ရောက်ယှဉ်ပြိုင်မည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် PSLA (Palaung State Liberation Army)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး၊ လက်နက်ဖြုတ်သိမ်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ ဝင်ရောက်ယှဉ်ပြိုင်မည်။
ကချင် ကာကွယ်ရေး တပ်မတော် KDA (Kachin Defence Army)
၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိ သဘောထား။ မဆုံးဖြတ်ရသေး။
မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်များ တပ်မတော် MNDAA (Myanmar National Democracy Alliance Army)
၁၉၈၉ ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၆၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပါ။
အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (National Democratic Alliance Army)
၁၉၈၉ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁၂၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N (Shan State Army-North)
၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၁,၄၀၀
ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (ပီအန်အို) Pa-O National Organization (PNO)
၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား ။ ၈၀၀
ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) SNPLO (Shan Nationalities People Liberation Organization)
၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သည်။
လက်ရှိအင်အား။ ၂၅၀
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) KNPLF (Karenni Nationalities People Liberation Front)
၁၉၉၄ ခုနှစ်၊ မေလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ကယန်းပြည်သစ်ပါတီ KNLP (Kayan New Land Party)
၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) KNPP (Karenni National Progressive Party)
အပစ်အခတ် ရပ်စဲရေး မပြုရသေး။
လက်ရှိအင်အား ။ ၈၀၀
၂၀၁၀ ရွေးကောက်ပွဲအပေါ် လက်ရှိသဘောထား။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) DKBA (Democratic Karen Buddhist Army)
၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
* အချက်အလက်၊ ကိန်းဂဏန်းများကို (နအဖ) စစ်အစိုးရ၊ တိုင်းရင်းသား အင်အားစုများနှင့် ဧရာဝတီ သတင်းဌာန၏ ရင်းမြစ်များမှ ရယူပါသည်။

ဆေးလိပ်မသောက်လျှင် ဒဏ်ငွေဆောင်ရမည်

06/05/2009

တရုတ် နိုင်ငံ၏ ပြည်နယ်တစ်ခု တွင် သတ်မှတ်ထားသည့် စီးကရက် အရေအတွက်ကို ကုန်အောင် မသောက် နိုင်ပါက ဒဏ်ငွေဆောင် ရမည်ဟု အစိုးရဝန်ထမ်းများ ကို အသိပေး ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ Hubei ခရိုင်အတွင်းရှိ Gong'an ပြည်နယ် အစိုးရ က ၄င်း၏ ဝန်ထမ်းများ အား Hubei ခရိုင်လုပ် ပြည်တွင်းဖြစ် စီးကရက် တစ်နှစ်လျှင် ဗူးပေါင်း ၂ သိန်း ၃ သောင်းခန့် ကုန်အောင် သောက်ရန် တိုက်တွန်း ထားကြောင်း Global Times သတင်းစာတွင် ဖော်ပြ ပါရှိပြီး သတ်မှတ် အရေအတွက် ထက် လျော့နည်းပါက ထိုဌာန ကို ဒဏ်ငွေ ပေးဆောင် စေမည်ဟု သိရသည်။ Gong'an စီးကရက် ရောင်းချရေး စီမံခန့်ခွဲမှုမှ တာဝန်ရှိသူ Chen Nianzu က “သဘောတရား ကတော့ စီးကရက် ရောင်းရာကနေ ရလာတဲ့ အခွန် ငွေတွေနဲ့ စီးပွားရေး ကျဆင်းမှု ကို ပြန်လည်မြှင့်တင် ဖို့ပါ” ဟု ဆိုသည်။ တရုတ် နိုင်ငံ ၏ ပြည်နယ် များတွင် ဒေသ အလိုက် ထုတ်လုပ်သော စီးကရက် များရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှသဖြင့် ယခုကဲ့သို့ နည်းလမ်းများ ရှာကြခြင်း ဖြစ်သည်။
တရုတ် နိုင်ငံတွင် ဆေးလိပ် သောက်သူ သန်း ၃၅၀ ရှိပြီး တစ်နှစ် လျှင် လူ ၁ သန်းခန့် သည် ဆေးလိပ် ကြောင့်ဖြစ်သော ရောဂါ များဖြင့် သေဆုံးလျက် ရှိသည်။ တရုတ် နိုင်ငံရှိ အမျိုးသား ဆရာဝန်များ ၏ တဝက် ခန့်သည်လည်း ဆေးလိပ်ကို ခုံခုံမင်မင် သောက်တတ် သူများ ဖြစ်သည်ဟု သိရသည်။
(သံလွင် အိပ်မက်)

အထက်ပါ တုပ်ကွေးများ သတိပြုပါ

04/05/2009

ဒုက္ခပေးတဲ့ သန်းရွှေ တုပ်ကွေး

အချိန်နဲ့ တပြေးညီ

မီးပျက်နေတဲ့ မြန်မာပြည်

တပ်ချုပ်ကြီး ကို ခြောက်လှန့်နေသော မေလ ပုံရိပ်များ

ဦးထွန်းလွင် ၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် နီမြန်းလေသည်။ နောက် ၁ဝ နာရီဆိုလျှင် ဧရာဝတီတိုင်း ၏ ကံကြမ္မာ မှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန် နေပေမယ့် စိတ်ကို ရှည်ရှည်ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော် နေရသည်။
ဒု-တပ်ချုပ်ကြီး ကိုလည်း အကြောင်းစုံ ဆွေးနွေး တင်ပြသော်လည်း ဆုံးဖြတ်ချက် မပေးနိုင်ဘဲ ပေါ့ပျက်ပျက် နိုင်လှသော စကားကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ လူပေါင်း သန်းနှင့်ချီသော ကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒ ခံယူပွဲတွင် မသမာသော နည်းဖြင့် အနိုင်ရရှိရေး ကိုသာ အာရုံ ရောက်နေသည်။ အခုပဲကြည့်လေ၊ နေ့လယ် ကြောင်တောင်ကြီးမှာတောင် စကား ပြောလိုက်တိုင်း အနံ့ဆိုး အရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်း ထုတ်လိုက်သေးသည်။
''သေချာရဲ့လား၊ မုန်တိုင်း သတင်းက''၊ ''ဒီအချိန်မှာ ပြည်သူ လူထုတွေကို စိတ်မခြောက်ခြား စေချင်ဘူး''၊ ''အခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော် အတွက် အရေးပါဆုံး အချိန်ပဲကွ''၊ ''ခင်ဗျား တင်ပြတဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ပဲ ဆိုင်တယ်''၊ ''သူ့ကို သွားဆွေးနွေး တင်ပြလိုက်ပါ''။
မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးထွန်းလွင် တယောက် လေးလံသော ခြေလှမ်း များဖြင့် ဒု-တပ်ချုပ်မှူးကြီး မောင်အေး အိမ်မှ ထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦး လှည့်လိုက်သည်။ အိမ် တအိမ်နှင့် တအိမ် တမိုင်ကျော် ကွာဝေး နေပြီး နေအိမ်နှစ်လုံး ကြားတွင်လည်း စစ်ဆေးရေး ဂိတ် ၃ ခုကို ဖြတ်ကျော် ခဲ့ရသည်။ နောက်ဆုံးဂိတ် အရောက် တွင်လည်း ၅ မိနစ်ခန့် ကားကို ရပ်တန့် ပေးရပြီး လာရင်းကိစ္စ၊ အဆင့် ရာထူးများ ကိုပါ မေးမြန်း စစ်ဆေးခြင်း ခံနေရသည်။
ကွန်မန်ဒို တပ်ခွဲ ၅ ခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီး အိမ် ရောက်တော့ ဧည့်ဆောင် ၌ တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော် နေရသည်။ တနာရီ တိတိ ကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ် မလာခဲ့ပေ။ ဘုရား ဝတ်ပြု ခန်းတွင် ရှိနေခြင်း မဟုတ်ဘဲ၊ မည်သူမျှ အကြောင်း ကြားပိုင်ခွင့် မရှိသော ကိုယ်ပိုင် သီးသန့်ခန်းတွင် အနားယူ နေကြောင်း သိရှိရ၍ လက်မြှောက် အရှုံးပေး ကာ နောက်ကြောင်း ပြန်လှည့် ခဲ့ရသည်။ မိမိ အနေဖြင့် အသိပေး တင်ပြခြင်းကို တရားဝင် ဖြစ်အောင်တော့ လုပ်ရမည် ဟူသော စိတ်ဖြင့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌရုံး သို့ နောက်ဆုံး ဝင်ရောက် အကြောင်းကြားရာ တပ်မှူးကြီး ရွှေမန်း၊ တပ်မှူးကြီး မြင့်ဆွေ တို့ကို တွေ့ရ၍ အားတက်မိ သွားသည်။ တပ်ချုပ်ကြီး ကို တင်ပြခွင့် မရခဲ့ ပေမဲ့ မပြေး သော်လည်း ကန်ရာရှိ ဆိုသလို တပ်မှူး နှစ်ဦးအား အစီရင်ခံ တင်ပြ ရာတွင် အိန္ဒိယ မိုးလေဝသ သတင်းဌာန ၏ အရေးပေါ် သတိပေး ချက်အရ ဘင်္ဂလား ပင်လယ်အော် တွင် အစပျိုး ဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်း လာပြီး အရှေ့မြောက်ဘက် သို့ ရွေ့ရှား နေကြောင်း၊ လေတိုက်နှုန်း မိုင် ၈ဝ မှ ၁ဝဝ အကြားတွင် ရှိပြီး လှိုင်းကြီး ရုံတင်မက ဒီရေ ပါ ကုန်းတွင်းပိုင်း သို့ ဝင်ရောက် လွှမ်းနိုင်ကြောင်း၊ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ အဖို့ အရေးပေါ် ကြေညာချက် ထုတ်ပြီး၊ ပြင်ဆင် ထားနိုင်လျှင် ၁ဝ နာရီခန့် အချိန်မီ သေးကြောင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (ဧရတခ) ကလည်း မုန်တိုင်း တိုက်ခတ်မည့် လဏ္ခာများ ရှိနေ၍ မိုးလေဝသ ဌာနသို့ တနာရီ တကြိမ် ပုံမှန် သတင်းပေးပို့ နေကြောင်း တို့ကို တပ်မှူးကြီး နှစ်ဦးအား ရှင်းလင်း တင်ပြပြီး အရေးပေါ် ကြေညာချက် ထုတ်ပြန်နိုင်ဖို့ အတွက် တပ်ချုပ်ကြီး ကို ထပ်ဆင့် အကြောင်း ကြားရန် စစ်ကူ တောင်းခံခဲ့သည်။
မေလ ၂ ရက်နေ့
မြန်မာ့ သဘာဝ ဘေးဆိုး များတွင် အဆိုးဆုံး သော မုန်တိုင်းဒဏ် ကို ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ တွင် ခံစား လိုက်ရသည်။ မုန်တိုင်း သတင်းများ ကို ပြည်ပ အသံလွှင့် ဌာန များတွင် အကျယ်တဝင့် ကြိုတင်ကြေညာ ထားသော်လည်း မိမိ တို့ မိုးလေဝသ ဌာနမှ အမှန်အတိုင်း ထုတ်ပြန် ချင်သော်ငြားလည်း နေပြည်တော် မှ ပိတ်ဆို့မှု များကြောင့် သိက္ခာ ကျဆင်းခဲ့ရသည်။ မိုးလေဝသ ဌာနသုံး ရဟတ်ယာဉ် တစီး ကတော့ မင်္ဂလာဒုံ ကွင်းထဲတွင် အထီးကျန်စွာဖြင့် ရပ်တန့် နေရှာသည်။ အခြားသော လေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီး နှင့် စီးပွားရေး သာမက လူမှုရေး များတွင် ပါဝင်ပတ်သက်နေသူ မောင်တေဇ ပိုင် လေယာဉ်များ မှာ ထူးထူးခြားခြား မတွေ့ရပေ။ နောက်မှ သိရှိ ရသည်မှာ မိမိ နေပြည်တော် မှအပြန် ညနေခင်း ကတည်းက မန္တလေးသို့ ပြောင်းရွှေ့ သွားမှန်း သိခဲ့ရသည်။ အရေးပေါ် ကြေညာချက် ကြိုတင် ထုတ်ပြန် ဖို့ သွားရောက် စောင့်ဆိုင်းနေစဉ် လုံးဝ ထွက်အတွေ့ မခံဘဲ လေယာဉ် များ ရွှေ့ပြောင်းရေး အတွက် ကိုတော့ တပ်ချုပ်ကြီး အမိန့် ပေးခဲ့သည်မှာ ယုတ္တိ လုံးဝ မရှိချေ။
မုန်တိုင်း စတင် တိုက်ခတ် ကတည်းက မိမိဌာန နှင့် ဧရာဝတီ ရေတပ် စခန်း ဌာနချုပ် မှာ အဆက် အသွယ် လုံးဝ မပြတ် ခဲ့ချေ။ ရေတပ် ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးသိန်း ကိုယ်တိုင် ဆက်သွယ်ရေး စက်မှ တိုက်ရိုက် မိမိနှင့် အဆက် အသွယ် ရနေပြီး၊ မုန်တိုင်း အခြေအနေ ကို တနာရီ တကြိမ် ပေးပို့ နေသောကြောင့် နေပြည်တော် ကိုလည်း ထပ်မံ အစီရင်ခံနေရသည်။ ဗိုလ်ချုပ် စိုးသိန်း မှာ ဗိုလ်ကြီး အဆင့်ဖြင့် ဥရောပ တွင် ရေတပ် ဆိုင်ရာ စစ်ပညာကို လေ့လာ သင်ယူနေစဉ် မိမိ နှင့် သိကျွမ်း ခဲ့ရသည်။ ထိုစဉ်က မိမိ မှာလည်း မိုးလေဝသ ဆိုင်ရာ လေ့လာ ဆည်းပူး ရန် နိုင်ငံတော် စရိတ်ဖြင့် ဥရောပ တခွင် ရောက်ရှိ နေချိန် ဖြစ်သည်။
''ခင်ဗျာ့ ဌာနနဲ့ ကျနော်တို့ ရေတပ် က လင်မယား လိုပဲနော်။ နောက်များလည်း မကြာ မကြာ တွေ့ကြရ ဦးမယ်''။ သတ္တုသံ ပါသော အသံ၊ နှုတ်ဆက် ဖော်ရွေခြင်း နှင့် ခန့်ညားသော ဥပဓိရုပ် ပိုင်ရှင် ဗိုလ်ကြီး စိုးသိန်း ကို မိမိ ဥရောပ တွင် စတင် ခင်မင် ခဲ့ရသည်။ အထူးသဖြင့် မိမိကြည့်မရ သော စစ်သားများ ထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီး စိုးသိန်း မှာ ခင်မင်စရာ ကောင်းနေသည်။
ဗိုလ်ကြီး စိုးသိန်း မှာ ယခုတော့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ရာထူးကြီး ရနေသလို မိမိ မှာလည်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင် နေရသည်။ အမြဲတမ်း လိုလို တာဝန်အရ ဆက်ဆံနေရပြီး ယခု မုန်တိုင်း ကာလတွင် တိုက်ရိုက်ဆက်သွယ် စကားပြော နေရသည်။ အရေးပေါ် အခြေအနေ ထုတ်ပြန်ရန် တပ်ချုပ်ကြီး ကို သွားလျှောက် ဖို့လည်း ဗိုလ်စိုးသိန်း မှာ အကြံဉာဏ် ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့ သောကြောင့် မုန်တိုင်း ကို အန်တု စောင့်ကြည့် နေရုံသာ ရှိကြောင်း နှစ်ဦးသား တိုင်ပင်ကြသည်။
မုန်တိုင်းလွန်သော်
''ကျနော့် (ဧရတခ) ရေတပ် တော့ ပျက်ပြီ''၊ ''စာရင်းချုပ်အရ စစ်သင်္ဘော ကြီးငယ် ၃၆ စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ် သွားတုန်းက ဟိုက မီးရထားတွဲ ၁၅ဝ ကျော် လက်ဆောင် ပေးလိုက်တယ်။ ကျနော့် ကိုတော့ ရေယာဉ်ကြီး ၄ စီး ပေးတယ်။ ၂ စီး ကတော့ ကိုကိုးကျွန်း မှာ ကပ်ထားလို့ မုန်တိုင်း ဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်း က ၂ စီးကတော့ နစ်တဲ့အထဲ ပါသွားပြီ။ ပြည်သူ ကို ကယ်ဖို့ မဆိုထားနဲ့ ကိုယ့်ဟာ ကိုယ်တောင် မဆယ်နိုင်ဘူးဗျာ''
ဗိုလ်စိုးသိန်း မျက်နှာမှာ နှမြောစိတ် ကြောင့် မကောင်း လှပေ။ မိမိ မှာလည်း နေပြည်တော် သို့ အမြန်ဆုံး လာရန် ဆင့်ဆို ထားသောကြောင့် လာမဲ့ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်က မှားယွင်းမှု မရှိအောင် ပြင်ဆင် ထားရန်လည်း သူငယ်ချင်း ဗိုလ်စိုးသိန်း က သတိပေး ရှာသည်။
တပ်ချုပ်ကြီး ၏ ဟန်ဆောင်ပူပန်ခြင်း
''ဒီလောက် အထိ ဖြစ်လိမ့်မယ်လို့ ကျနော် လုံးဝ မမျှော်လင့် ဘူးဗျာ။ အဓိက မိုးလေဝသဌာန မှာ တာဝန် အရှိဆုံးပါ။ ညွှန်မှူး ထွန်းလွင် ကို တာဝန် ရှိသလိုသာ ဆက်လုပ် လိုက်ပါ''၊ ''လောလောဆယ် နာဂစ် ဒေသကို သိန်းစိန် နဲ့ လွှတ်ထားလိုက်ပါ''
အချိန်မီ သတိပေး ပျက်ကွက်မှုကြောင့် ညွှန်မှူး ထွန်းလွင် ကို ဖြုတ်ရန် တပ်မှူးကြီး သူရ ရွှေမန်း နှင့် တွဲဖက် တပ်မှူး မြင့်ဆွေ တို့ကို မှာကြားပြီး တပ်ချုပ်ကြီး တယောက် ဥက္ကဋ္ဌ ရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူး ၂ ဦး တယောက်မျက်နှာ တယောက် ကြည့်ကာ ခေါင်းကိုက် ခဲသွား လေတော့သည်။ တကယ်တော့ ညွှန်မှူး ထွန်းလွင် ကြိုတင်၍ အစီရင် ခံခဲ့သည်။ မိမိ တို့ကိုလည်း သေချာ ရှင်းလင်း တင်ပြခဲ့သည်။ ထွက်မတွေ့ဘဲ အခန်းအောင်း နေသူက တပ်ချုပ်ကြီး ဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့ တွင် တာဝန်ရှိသည်ကို မေးနေစရာ မလိုပါ။ တပ်မှူး ၂ ဦး စလုံး တစုံတခုကို ဆုံးဖြတ်ချက် ချလိုက်သည်။
မတည်မြဲသော ရာထူးသင်္ခါရ
မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ရာထူး ကို ဦးထွန်းလွင် တယောက် မဆုံးရှုံး ခဲ့ပါ။ သူငယ်ချင်း ဖြစ်သူ ရေတပ်ချုပ်ြကီး မှာ ရာထူး နှစ်ဆင့် ကျကာ စက်မှု (၂) ဝန်ကြီး ရာထူးသို့ လျှောကျ သွားသည်။ အံ့သြစိတ် ကြောင့်လည်း သူငယ်ချင်း ၏ ရင်ဖွင့်သံကို မျှဝေ ခံစား ပေးနေရသည်။
''ပထမတော့ ကျနော်လည်း သူတို့ စစ်သဘောင်္ တွေ ရောက်လာလို့ စိတ်နည်းနည်း တိုသွားတယ်''၊ ''နောက်မှ သူတို့ ဘက်က ရှင်းပြတယ်။ ထိုင်း နဲ့လုပ်မယ့် (Cobra Gold) စစ်ရေး လေ့ကျင့် တာကို ရွှေ့ဆိုင်းလိုက်ပြီး နာဂစ် အတွက် လာတာတဲ့။ ရေယာဉ် ပေါ်မှာ လက်နက်မပါဘဲ၊ ကယ်ဆယ်ရေး ပစ္စည်း တင်ဆောင် လာတယ် ဆိုတာကို တက်ပြီး စစ်ဆေး ဖို့လည်း ဖိတ်တယ်လေ''၊ ''ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ အခု အချိန်မျိုးမှာ ကိုယ်က ပြည်သူ တွေကို ကယ်ဖို့ နေနေ သာသာ ကိုယ့်ဟာ ကိုယ်တောင် မကယ်နိုင်ဘဲ ဒုက္ခ ဖြစ်နေတာ ပဲလေ။ အကူအညီ မှန်သမျှ များများနဲ့ မြန်မြန် လက်ခံရမှာပဲဗျ။ ကျနော်တင်မကဘူး၊ ဧရာဝတီ ရေတပ်စခန်း တခုလုံးက သူတို့ သင်္ဘောတွေ လာကပ် တာကို ဝမ်းသာ နေကြတယ်''
ရေတပ်ချုပ်ကြီး ၏ စိတ်ဓာတ် ကို ချီးကျူး လေးစား မိသည်။ အနောက်တိုင်း တခွင် ပညာ သင်ခဲ့ဖူး တာကြောင့် ခေတ်မီ စိတ်ထား နှင့် ပကတိ အခြေ အနေ တွင်လည်း အမှန်ဘက် တွင် ရပ်တည်ခြင်း ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော် တပ်ချုပ်ကြီး က ရေတပ်ချုပ်ကြီး သည် အမေရိကန် စစ်သဘောင်္များ ကို ဆိုက်ကပ်ခွင့် ပေးခြင်း၊ စစ်သင်္ဘောများ နှင့် နေ့စဉ် ဆက်သွယ် စကားပြောခြင်း၊ အမေရိကန် ရေတပ်ဦးစီးချုပ် အား မင်္ဂလာဒုံ လေယာဉ်ကွင်း တွင် ကြိုဆို စဉ်က မိမိအား လူစိတ် မရှိသယောင် ပုံစံမျိုး ပြောဆိုသွားခြင်း စသော ပြစ်ချက် များ သတ်မှတ်ကာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန် ရေတပ် ကေဒါများ ပူညံပူညံ လုပ်မည်စိုး၍ စက်မှု (၂) ဝန်ကြီး ရာထူးပေးကာ ချွေးသိပ်ခဲ့သည်။
အတိတ်ပုံရိပ် အိမ်မက်ခြင်း
စံအိမ်တော် ဘေးတွင် စိုက်ထားသော ထင်းရှူးပင် မှာ သဘာဝ အတိုင်း စိုက်ပျိုး ထားခြင်း မဟုတ်ဘဲ အပင်ကြီးကို ကရိန်းဖြင့် ဆွဲနုတ်ကာ ကျင်းတူး၍ စိုက်ပျိုးထားခြင်းကြောင့် အရွက် များမှာ အချိန်တို အတွင်း ခြောက်သွေ့ နေသည်။ လေတိုက် လိုက်တိုင်း သစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး ၏ စိတ်ကို ခြောက်ခြား စေသလို ဖြစ်နေသည်။ ယခုလည်း စံအိမ်တော် မှာ ကိုးကွယ် ပူဇော်နေသော သထုံမြို့မှ အလံတရာ ဆရာတော် ရောက်ရှိ နေသည်။ ယခင် ရွှေဝါရောင် လူသတ်ပွဲ အပြီးတွင်လည်း စိတ်ခြောက်ခြား နေ၍ ဆရာတော် ကို ပင့်ဖိတ်၍ တရား ရေအေး တိုက်ကျွေး ခိုင်းဖူးသည်။ အခုတော့ သက်သာမည် မထင်ပါ၊ တသက်လုံး ဖုံးခဲ့ သမျှသည် ဘူးပေါ်သလို ပေါ်နေပြီ။
မိမိ၏ သမီးတော်လေး ကိုယ်ဝန် နှင့် မင်္ဂလာ ဆောင်စဉ်က ဗီဒီယိုခွေ မှာ လက်ကျန် ထောက်လှမ်းရေး များ လက်ဆော့ လိုက်သဖြင့် ကမ္ဘာ တဝှမ်း ပျံ့သွားခဲ့သည်။ တိုက်တိုက် ဆိုင်ဆိုင် ခေါင်းကိုက် နေချိန်တွင် လူဆိုးကြီး ဆက်ဒမ် ဟူစိန် ကို ကြိုးပေး သတ်လိုက်တော့ နှလုံး ရောဂါ ပါဖြစ်ပြီး စင်္ကာပူ ဆေးရုံသို့ လစ်ရတော့သည်။ စကာင်္ပူ ဆေး တန်ခိုးကြောင့် ရောဂါ သက်သာ ခဲ့ပေမယ့် ယခု အချိန်မှာ နာဂစ် အကျိုး ဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာ ဖြစ်နေသည့် ရောဂါ ကို ဘယ်ဆေးဝါး မျိုးနှင့်မျှ သက်သာမည် မထင်ပါ။ အခံရ အခက်ဆုံးမှာ မိမိ မွေးထားသော တပ်မှူး ၂ ဦးက မိမိ အမိန့်ကို အာခံကာ ညွှန်မှူး ထွန်းလွင် ကို ဖြုတ်ချခြင်း မပြုဘဲ ထွန်းလွင် အစီရင်ခံစာ ကို ကဗျည်း ထိုး မှတ်တမ်းတင် ထားသည်။ ရေခြား မြေခြား ရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ် ကလည်း ဖုံးကွယ် ထားခဲ့သော လူသတ်ပွဲ ကို အစပျိုး ဖော်ထုတ် နေလေပြီ။ တခြားသူ တဦး တယောက်ဆို တော်ပါသေးသည်။ အခုတော့ တရားခံပြ သက်သေ အဖြစ် ကမ္ဘာကို ကြေညာနေပြီ။
ဂြိုဟ်မွှေသည့် မေလ
ဒီလ ဒီကာလ ရောက်လေတိုင်း စိတ်သောက ရောက်ရစမြဲ ဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့သော ရွေးကောက်ပွဲ အောင်ပွဲက အခုထိ ခြောက်လှန့် နေသည်။ မိမိ၏ လက်စွဲတော် လူမိုက် များက လိုသည်ထက် ပိုမို၍ လက်လွန် သွားသော ဒီပဲယင်း ရိုက်သတ်ပွဲ ကြောင့် ကမ္ဘာက အယုံအကြည် ကင်းမဲ့ခဲ့ရသည်။ ၉ဝ ရွေးကောက်ပွဲ ကို ချေဖျက်နိုင်ရန် အင်တိုက် အားတိုက် လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲ ကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိ မသေသပ် မှုကြောင့် အရှက် ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလက တိုက်ခတ်သော နာဂစ် ကြောင့်လည်း အကြင်နာ တရား ကင်းမဲ့သည့် ကမ္ဘာ့ အဆိုးဝါးဆုံး ပုဂ္ဂိုလ်ဘွဲ့ကို ရရှိစေခဲ့သည်။
မကြာမီ ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ လွတ်ရက် စေ့၍ ပြန်လွှတ် ပေးရတော့မည့် တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်အကျယ်ချုပ် ပြဿနာဖြစ်သည်။ လွှတ်ပေး လိုက်ရရင်လည်း ကြွတက် လာမည့် လူထု လှိုင်းသည် မိမိ တို့ကို ရိုက်ခတ် သွားနိုင်သည်။ ဆက်လက် ထိန်းထား လျှင်လည်း အကျယ်ချုပ် လက်နက် ထိပ်တုံးကို မိမိ ကိုယ်တိုင် ထမ်းပိုး ရတော့မည်။ ထို့ပြင် ကလော်တုတ် ဆဲဆိုကြမည့် နိုင်ငံတကာ အသိုင်း အဝိုင်း မှ လက်ညှိုး များကိုလည်း အံမတုဝံ့ပေ။ အဆိုးဝါးဆုံး မှာ မိမိ မွေးထားခဲ့သော တပည့် ကျော် များကလည်း မယုံကြည် စိတ်မချ ရသေး၊ မိမိသာ အာဏာ မဲ့သွားလျှင် ဆရာကြီး ဦးနေဝင်း ကဲ့သို့ ဖြစ်သွား နိုင်သည်။ အာဏာ ကို ဆက်ဆုပ် ကိုင်ထားသောကြောင့် လည်း မိမိ ရုပ်မှာ ဘီလူး ကဲ့သို့ အလား ထင်မှတ် နေရသည်။
သောက ကင်းငြိမ်းရန် မှာ ဗုဒ္ဓ တရား ရေအေး တိုက်ကျွေး ရန် ခေါ်ထားသော သထုံ အလံတရာ ဆရာတော် ကလည်း ပင့်ဖိတ် လို့မရ။ နောက်ဆုံး အားကိုးရာ ဖြစ်သော ကြင်သူ သက်ထား မကြိုင်ကြိုင် က ဘေးနားမှ နေ၍ မေတ္တာသုတ် ကို ရွတ်ဖတ် ပေးနေ ရှာသည်။ မေတ္တာသုတ် ကို နားစွင့်ရင်း ဘုရား အာရုံပြု လိုက်သောအခါ မနော စိတ် တွင် ဘုရား ပေါ်မလာဘဲ ရွှေဝါရောင် ကာလက ရိုက်သတ် ခဲ့သော မေတ္တာသုတ် ပိုင်ရှင် သံဃာတော် များ၏ ပုံရိပ်ကသာ မင်းမူ နေပါတော့ သတည်း။ ။
(၂ဝဝ၈ ခုနှစ်၊ မေလ ၁ ရက်၊ နံနက် ၁ဝ နာရီ)
မင်းလွင် (ရှမ်းပြည်)

2010

2o1o ရွေးကောက်ပွဲ