ပြည်သူ့ဂုဏ်ရည်

25/04/2010

၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအများဆုံးနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ

“ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း “

ဖြစ်ပါတယ် …

(မိုးမခ-မှ)

U Win Tin-ဘာလဲဟဲ့ လူ့ငရဲ

05/04/2010

ဘာလဲဟဲ့ လူ့ငရဲ (နေ့သစ်) မှ
U Win Tin-ဘာလဲဟဲ့ လူ့ငရဲ

Happy X'mas

25/12/2009

Happy X'mas

Trial Software

15/10/2009

Your trial period is over!

The Nobel Prize

10/10/2009

ဒီနှစ် ငြိမ်းချမ်းရေး Nobel ဆုကိုအမေရိကန်သမ္မတ Obama ကို ရွေးချယ်ချီးမြှင့် ခံရပါတယ်။ အတိတ်က ဆောင်ရွက်ချက် များကို မူတည်ပြီး ပေးတာမဟုတ်ဘဲ ယခုလက်ရှိ သူ ဦးတည် ဆောင်ရွက်နေတဲ့ နူလက်နက် ဖျက်သိမ်းရေး၊ ငြိမ်ချမ်းစွာ အားလုံး အတူတကွ ယှဉ်တွဲနေထိုင်ရေး နဲ့ ကမ္ဘာ့ကြီးရဲ့ ဥတုရာသီ မျှတ လာစေရေး စတဲ့ မှုဝါဒတွေ ကို အသိအမှတ်ပြု၊ ထောက်ခံ အားပေးတဲ့ အနေနဲ့ ဆုချီးမြှင့်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ မှာ ငြိမ်းချမ်းရေး Nobel ဆု ချီးမြှင့်ခဲ့ကြပါတယ်။ သူမအသက်က ၄၆ နှစ် မှာ ဖြစ်ပါတယ်။ အခု Obama က ၂၀၀၉ မှာ ဆုရပါတယ်။ သူ့အသက်က ယခု ၄၈ နှစ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း

06/10/2009

ကိုဗဟိန်းမှ ကျော်ကိုကိုအထိ
Student Movements Ko Ba Hein to Kyaw Ko Ko by Aung Way Final                                                                                                                              
ကဗျာ ဆရာ အောင်ဝေး

မိဘမဲ့ ဖြစ်ချင်လိုက်တာ

26/09/2009

မိဘမဲ့ ဖြစ်ချင်လိုက်တာ..။

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်

20/09/2009

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင် ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေ ဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ် ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။
ကျမတို့တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင် အရည်အချင်း အထင်အရှား ရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ် မြင့်မားကြတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည် ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက် တွေကို ပြောလိုက်တာနဲ့ လူတိုင်း မြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တစ်ပုံ အကြောင်း ပြောပြချင်ပါတယ်။
ရှေ့ကနေ ကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကို မထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ပညာချွန်သူတွေ ဖြစ်ကြပါတယ်။
ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲ အောင်တုန်းက သင်္ဃန်ကျွန်း တမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန် ပါပဲ။
ဒေါက်တာမင်းသိန်း ကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တစ်ယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုက ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ သူပါ။
ဒေါက်တာမင်းသိန်းဟာ စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ တောခို သွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူး တာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။
အဲဒီ အချိန်အတွင်း မှာပဲ ဗိုလ်ချူပ်ခင်ညွန့် က တောတွင်းက ပြန်ရောက်လာသူတွေ အနေနဲ့ နဝတ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့ လာခဲ့လျှင် အရေးမယူ ပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့် စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင် စစ်ဒေသကို အကြောင်းကြား ခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာမင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်း ကို ပြောပြ ခဲ့ပါတယ်။ နောက်တနေ့ မှာ ဒေါက်တာမင်းသိန်းကို မေးမြန်း စရာ ရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်း ကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံ သွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်း တစ်ယောက် ခြေလက်တွေ ဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်း ရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြား ခဲ့ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲ ဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်း နေပြီး အသက်ရှုရတာ ကြပ်နေတယ် လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းက ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံ တင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့် ရှိကြောင်း၊ စစ်ဆေးရုံ မှာ ကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြား လာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာ ဆိုရင် ဆေးကုမခံနိုင်ဘူးလို့ ဆိုပြီး အိမ်မှာပဲ နေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသ ပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန် ခဲ့ပါတယ်။
ဒေါက်တာ မင်းသိန်း ဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့ အတူ ရင်ခွဲ စစ်ဆေး ခဲ့ကြပါတယ်၊ အဖြေ ကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့ က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကို မပေါက် ကြား စေရပါဘူး ဆိုပြီး လက်မှတ် ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေး ခဲ့ရပါတယ်။
ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထား နေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခ ရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင် ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ ပါတယ်၊ ဆင်းရဲတဲ့ လူနာတွေကို ပိုက်ဆံ မယူတဲ့အပြင် သူ့ရဲ့ဆေးဝါး တွေကိုပါ ပေးလိုက် ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တစ်ဦး ကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာ ကျမရှေ့တင်ပါ။
၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင် ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေ နှလုံးရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက် လာခဲ့ပါတယ်၊ ဘာမှ ထူးခြားမှု မရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီ ဆိုပြီး အစိုးရ ဆေးရုံမှာ အလုပ် လျှောက်ခဲ့ ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ် ဆေးရုံ တစ်ရုံမှာ တာဝန် ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှ မဖြစ်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်း ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့် အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့ အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန် တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မဝတ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မဝတ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန် အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင် တစ်ယောက် ညှိုးညှိုးငယ်ငယ် နဲ့ အိမ်ပြန် လာခဲ့ပါတယ်။
အတူနေသူတွေရဲ့ ပြောပြချက် အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခ ရောက်စရာ ရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ် လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲ ဘယ်သူ့ကိုမှ သူ့လို မဖြစ်စေချင်လို့ မပြောတာလို့ ယူဆ ရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေ သိမ်းဆည်း နေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ် နေပြီး လှုပ်ရှားသံ မကြားရလို့ အတူ နေသူတွေက စိုးရိမ်ပြီး တခါးဖျက် ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေ နေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမ တကယ် နှမြော ဝမ်းနည်း မိပါတယ်။ ဆရာဟာ လူတော်လူကောင်း တစ်ဦးပါ။
ကျမတို့ ဗမာပြည်မှာ ကြယ်တွေ ကြွေနေပါတယ်၊ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေ ဆုံးရှုံးရတဲ့ မိဘတွေရဲ့ခံစားချက်က ဘယ်လောက်များ နာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက် အထိများ ဆုံးရှုံး နေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြု အပ်ပါတယ်။
ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။

မှတ်ချက်-(ဧရာဝတီ မှ)

16.9.09

16/09/2009

ဒီနေ့တော့ ဂျပန် မှာ အစိုးရ အသစ် တက်တယ်။

ပြည်သူတွေအရမ်းပျော်မှာ

15/09/2009

မြန်မာပြည်ရဲ့  မြို့ တော် ရန်ကုန်မြို့ မှ နေပြည်တော်မြို့ သစ် ဆီသို့ ပျံသန်းနေသော အထူးစစ်လေယာဉ် ပေါ်ဝယ် နအဖ စစ်ခေါင်းဆောင်များ ဖြစ်ကြသော ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးတို့ လိုက်ပါလာရာ ရုတ်တရက် ...
ဥက္ကဌ(ဗိုလ်ချုပ်မှူးကြီး)မှ-ခုနေ ဒေါ်လာတစ်ရာတန် တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့သူ တစ်ယောက်တော့ ပျော်မှာ..
ဒု-ဥက္ကဌမှ - ကျနော်ဆို ၅၀ -တန် နှစ်ရွက် ပစ်ချမယ်... ဒါဆို ကောက်တဲ့သူ နှစ်ယောက်တောင် ပျော် ကြမှာ...
ဝန်ကြီးချုပ်--- ကလည်း ကျနော်သာ ဆိုရင် ၂၀ -တန် ၅-ရွက် ပစ်ချမယ်. ကောက်ရတဲ့သူ ၅-ယောက် ပျော်အောင်လို့...
အတွင်းရေးမှူး ကလည်း မနေသာ - ကျနော်သာဆို ၁၀ တန် ၁၀-ရွက် ပစ်ချမယ်လေ.. ဒါမှ ၁၀-ယောက်တောင် ပျော် ကြမှာ...
နောက်ဆုံး လေယဉ်မှူးကြီး အလှည့် ရောက်လေရာ..ခုနေများ ဗိုလ်ချုပ်မှူးကြီးတို့ (၄) ယောက်သာ ခုန်ချလိုက်ရင် ပြည်သူ တွေ အရမ်းပျော်မှာ ဟူသတည်း။

ပေးပို့သူ --ရဲနိုင်ဝင်း(ရွှေကျွှန်း) ၄။၉။၀၉ (ဟစ်တိုင်မှ)

သန်းရွှေ အတွက် အကြံကောင်း

31/08/2009

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲ ချိတ်ထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကို ဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်းကောင်းသွားမှာပဲလို့ ပြောချင်တယ်။
(ကာတွန်းဆရာ ဟန်လေး၏ ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျုးမှ)

တရုတ်ကြီးနဲ့က ကြာပြီဆိုတော့...အင်း...

အနောက်ဖက် ကို ယိမ်းလာတဲ့ ချိုကုပ်ဒူးကြီး

Japan ရွေးကောက်ပွဲ

30/08/2009

ဂျပန်နိုင်ငံရဲ့ ရာစုနှစ်တဝက် အုပ်ချုပ် ခဲ့တဲ့ လစ်ဘရယ် ပါတီ နေရာမှာ ဒီမိုကရက်တစ် ပါတီ တော့ အနိုင်ရပြီ။
ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် အသက်၆၂နှစ်အရွယ် Mr Hatoyama ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး အရ သြဇာ ညောင်းတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ ဖြစ်ပြီး အချမ်းသာဆုံး လွှတ်တော်အမတ် တစ်ယောက်လည်း ဖြစ်ပါ တယ်။ သူ့ရဲ့ အဖိုး ဝန်ကြီးချုပ်ဟောင်း Ichiro Hatoyama ဟာ ၁၉၅၅ခုနှစ်ကတည်းက တောက်လျှောက် ဂျပန်ကို အုပ်ချုပ် လာတဲ့ LDP ပါတီကို တည်ထောင်နိုင်ရေး ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က LDP ပါတီဝင် တဦးဖြစ်ခဲ့သူ Hatoyama က လူမှုဖူလုံရေး ကို အဓိက ထား၍ အလုံးစုံ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိ ပေးထားပါတယ်။ အမေရိကန် Standford တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး၊ မြန်မာ့ ဒီမိုကရေစီ ရေးကို သိသိသာသာ ထောက်ခံသူ ဖြစ်ပါတယ်။သူသည် ၂၀၀၂ ခုနှစ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်စဉ် တယ်လီဖုန်း ဆက်ပြီး စကား ပြောခဲ့သူဖြစ်သည်။

ပြန်ပေဦးတော့ ကျေးဇူးရှင်ရေ...ဘိုင့်ဘိုင်

18/08/2009

Than Shwe
John Yettaw
Jim Webb (Senator)
အမေရိကန် အထက်လွှတ်တော် အမတ် Jim Webb သည် (၃) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် ၁၆ ရက် တနင်္ဂနွေနေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူး ဝင်ရောက်ခဲ့မှုဖြင့် ထောင် (၇) နှစ် ချမှတ်ခံရသည့် အမေရိကန် နိုင်ငံသား John Yettaw လည်း ထောင်ဒဏ်က ကင်းလွတ်ပြီး ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။

(၁၀) လ (၃) ရက်

16/08/2009

pattanikujana2009
တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံ

လူ့ဘုံ လူ့လောက

14/08/2009

လူ့ဘုံတွင် အရှေ့ကျွန်း(ပုဗ္ဗဝိဒေဟ)၊ အနောက်ကျွန်း(အပရဂေါယာန)၊ မြောက်ကျွန်း(ဥတ္တရကုရု)၊ တောင်ကျွန်း(ဇမ္ဗုဒီပ) ဟှူု၍လေးကျွန်းရှိ၍ အလယ်တွင် မြင်းမိုရ်တောင်ရှိသည်။ တစ်ကျွန်းစီတွင် ကျွန်းငယ် ၅၀၀ စီရံထားသည်။
အရှေ့ကျွန်းသည် လခြမ်းဝက် ပုံရှိ၍ ယူဇနာ ၇ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လခြမ်းပုံရှိသည်။ ကုန်ရောင်းကုန်ဝယ်နှင့် အသက်မွေး၍ နှစ် ၇၀၀ အသက်ရှည်သည်။ ကျွန်းထိပ်မှာ တစ်ယူဇနာ မြင့်သော ကုက္ကိုပင် ရှိသည်။
အနောက်ကျွန်းသည် လပြည့်ဝန်း ပုံရှိ၍ ယူဇနာ ၇ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လပြည့်ဝန်းပုံ ရှိသည်။ နွားယာဉ်ကို စီး၍ သွားလာနေထိုင်သည်။ နှစ် ၅၀၀ အသက်ရှည်သည်။ ကျွန်းထိပ်မှာ တစ်ယူဇနာ မြင့်သော ထိန်ပင် ရှိသည်။
မြောက်ကျွန်းသည် အင်းပျဉ်မှန် ပုံရှိ၍ ယူဇနာ ၈ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း အင်းပျဉ်မှန်ပုံ ရှိသည်။ ကျွန်းထိပ်တွင် ယူဇနာ တစ်ရာ ရှိသော ပဒေသာပင် ရှိသည်။ အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူ၍ စားသောက် နေထိုင်သည်။ နှစ် ၁၀၀၀ အသက်ရှည်သည်။ ကျွန်းသူ ကျွန်းသား များသည် ဥပစ္ဆေဒကံ နှင့်မသေ၊ အိုမင်းခြင်း မရှိ ရာသီဥတု မျှတ၍ မှက်၊ခြင်၊ယင် မရှိ အနာရောဂါ ကင်းသည်။ ကျွန်းသူ ကျွန်းသား များသည် ကာမကိစ္စ ကို တစ်သက်လုံးမှ ၇ ရက်သာ ခံစားသည်။ ကိုယ်ဝန်ဆောင် သားဖွား ဒုက္ခ မရှိ မွေးချိန်တန် မှ မိခင်ဝမ်းမှ ထွက်လာသည်။ မွေးပြီး လမ်းမှာပစ်ခဲ့၍ တွေ့သူက ကလေးငယ် ပါးစပ်ထဲ လက်ထည့် လျှင် နို့ထွက်လာသည်။ ကလေးငယ်မှာ ယောက်င်္ကျားလေးဖြစ်လျှင် ယောက်င်္ကျားကြီးများ၊ မိန်းကလေး ဆိုလျှင် မိန်းမကြီးများ ဆီ နေထိုင်ကြသည်။ အမိနှင့်သား မသိကြ၊ မသိသော်လဲ တပ်မက်ခြင်း မဖြစ်။ မြောက်ကျွန်းတွင် လူသေလျှင် ငှက်များက တခြားကျွန်း သယ်သွား၍ သင်္ချိုင်း မရှိ ငါးပါးသီလ မြဲကြ၍ အပါယ်လေးဘုံ မရောက်ပဲ နတ်ပြည်၌ သာစံကြသည်။
တောင်ကျွန်းသည် လှည်းဦးဆုံ ပုံရှိ၍ ယူဇနာ ၁ သောင်းရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လှည်းဦးဆုံ ပုံသဏ္ဌာန် ရှိသည်။ သက်တမ်း ပုံမှန်မရှိပေ။ ကျွန်းထိပ်မှာ တစ်ဆယ့်ငါး ယူဇနာ မြင့်သော သပြေပင် ရှိသည်။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း ကလူများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စင်္ကြာမင်း များ ဖြစ်တတ်ကြသည်။

Pandora's Box

12/08/2009

ဟိုး ရှေးရှေးတုန်းက ကမ္ဘာမြေတွင် မကောင်းမှု များမရှိသေးပဲ ငြိမ်းချမ်းသာယာလျက်ရှိ၏။ ပထမဆုံး နတ်ဘုရားမ ဖြစ်သူ ဂိုင်အာသည် ကမ္ဘာမြေကို ဖန်ဆင်းပြီးသော အခါ အခြေချ နေထိုင် မည့်သူများ ကိုအလိုရှိ ခဲ့ သည်။ နတ်ဘုရား အားလုံး၏ဘုရင် ဇီးယုစ်က ထိုလှပသော ကမ္ဘာမြေတွင် သက်ရှိများ စတင် ဖန်ဆင်းခဲ့၏။ ဇီးယုစ်သည် ပရပ်မီးသယပ်စ်နှင့် အပီမီးသယပ်စ် ညီအစ်ကို နှစ်ယောက်ကို သူ့အား ကူညီ စေခြဲ့ပီး ကမ္ဘာမြေတွင် အခြေချ နေထိုင်သူများကို ဆက်လက်ဖန်ဆင်းစေခဲ့၏။ ပရပ်မီးသယပ်စ် ၏လုပ်ရပ်တို့ကို အခြားနတ်ဘုရား အချို့ကမနှစ်မြို့ကြပေ။
ယခုအခါ လူသားများသည် စွမ်းအား ရှိပြီး အတော်အတန်ပင် စမတ်ကျလျက် ရှိရာ မိမိတို့ကိုယ်မိမိတို့ မဟာ စွမ်းအားရှင်များ အဖြစ်မှတ်ယူလျက် နတ် ဘုရား တို့၏ တန်ခိုးအာဏာကို ပစ်ပယ်ခြင်းမပြုကြမီ ရပ်တန်းက ရပ်ကြရန် ဇီးယုစ်က ဆုံးဖြတ်လိုက်၏။
ဇီးယုစ်က ပရပ်မီးသယပ်စ်ကို ဖမ်းဆီး၍ လူသားများကို စွမ်းအား ရှိအောင် လုပ်ဆောင်ခဲ့မှု တို့အတွက် ကော့ကဆပ် တောင်တန်းများရှိ တောင်ထိပ် တစ်ခုတွင် သံကြိုးဖြင့် ချည်နှောင်လျက် အပြစ်ဒဏ် ခတ်ခဲ့၏ဲ ။
ဇီးယုစ်သည် လူသားမျိုးနွယ် တစ်ခုလုံးအား အကျိုး သက်ရောက်စေမည့် ပြစ်ဒဏ်ခတ်မှု အစီအစဉ် တစ်ခုကို ရေးဆွဲ ခဲ့၏ ဇီးယုစ်နှင့် အခြား နတ်ဘုရားများက ပရပ်မီးသယပ်စ် ဖန်ဆင်းခဲ့သော လူသားများကို စွမ်းရည်များ ယုတ်လျော့ စေလျက် အားနည်းစေလိုကြ၏။ ဇီးယုစ်၏ အမိန့်ဖြင့် ပန်းပဲနှင့် မီးနတ်ဘုရား ဟစ်ဖစ်စတပ်က ပထမ ဆုံး လူသား အမျိုးသမီး ပန်ဒေါရာကို ဖန်ဆင်း ခဲ့၏။နတ်ဘုရားများက ပန်ဒေါရာအား လှပမှုနှင့်နှစ်လိုဖွယ် ကောင်းမှုတို့ကို လက်ဆောင်အဖြစ် ပေးလိုက်ကြ၏။ ထို့အပြင် ကမ္ဘာမြေတွင် မကောင်းမှုများ ပေါ်ပေါက်လာစေရန် အတွက် လှပစွာ စီခြယ်ထားသော သေတ္တာ လေးတစ်လုံးကိုလည်း သူမနှင့်အတူ ထည့်ပေးလိုက်၏။ သို့သော် နတ်ဘုရားများက ထိုသေတ္တာ ကလေးကို မည်သည့်အခါမျှ ဖွင့်လှစ်ခြင်း မပြုရ ဟူသော ခြွင်းချက်တစ်ခု သတ်မှတ် ပေးထား၏။ အဘယ့်ကြောင့် သေတ္တာလေးအား အဖွင့် မခိုင်းရသနည်း ဆိုသည်ကို ပန်ဒေါရာ နားမလည်သော်လည်း သေတ္တာကလေး၏ လှပမှုကြောင့် နတ်ဘုရားများ၏ သတိ ပေးချက်ကို လိုက်နာရန် သဘောတူလိုက်၏။
ကမ္ဘာမြေသို့ ရောက်ရှိပြီးနောက် ပထမဆုံး စတင်တွေ့မိသောပုဂ္ဂိုလ်သည် အစ်ကိုတော် ပရပ်မီးသယပ်စ် နှင့်အတူ လူသားများနှင့်ရောနှော နေထိုင်လျက်ရှိသော အပီမီးသယပ်စ်ဖြစ်၏။ အပီမီးသယပ်စ်သည် ပန်ဒေါရာ၏ အလှကြောင့် မြင်မြင်ချင်းပင် ချစ်ကြိုက်သွားမိတော့၏။ အပီမီးသယပ်စ်တို့ စုံတွဲသည် လက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်လာခဲ့ကြ၏။ ပန်ဒေါရာ သည် လှပသော သေတ္တာ ကလေးကို နေ့စဉ်နှင့်အမျှ အရိပ် တကြည့်ကြည့်နှင့်သာ ရှိပြီး အချိန် ကြာညောင်းလာသည်နှင့် အမျှ သေတ္တာ ကလေးကိုကြည့်ရှုရုံဖြင့် အားမရနိုင်တော့ချေ။ ဖွင့်ကြည့်လိုစိတ်သည် တစ်စထက်တစ်စ ပြင်းထန် လာခဲ့ပြီး အဆုံးတစ်နေ့၌ တားဆီး ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပဲ ဖွင့်ကြည့်လိုက်မိတော့၏။
သေတ္တာ တွင်း၌ကား နတ်ဘုရားတို့သိရှိ သမျှ မကောင်းဆိုးဝါး စိတ်ဓါတ်များကို ထည့်သွင်း ထား၏။ သေတ္တာဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်သို့ လျင်မြန်စွာ ထွက်ကျကုန်၏။ ပန်ဒေါရာ၏ အခန်းတွင်း၌ ဝမ်းနည်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဒေါသထွက်ခြင်း၊ ရောဂါစွဲကပ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အခြား ရာပေါင်း များစွာသော မကောင်းသည့် စိတ်ဓါတ် များဖြင့် ဖုံးလွှမ်း သွားခြဲ့ပီး မီးခိုးငွေ့ များအတိုင်း ပြင်ပသို့ လွင့်ထွက် ကုန်ကြလျက် လူသားမျိုးနွယ်တစ်ခုလုံး ကို ထာဝရ နှိပ်စက် ဒုက္ခပေးကြတော့၏။ သေတ္ထာတွင်းမှ ထိုသို့ မကောင်းသည့် စိတ်ဓါတ်များ ထွက်ကုန် သဖြင့် ပန်ဒေါရာ ကြောက်လန့်သွားခြဲ့ပီး သေတ္တာဖုံးကို အမြန်ဆုံး ပြန်ပိတ်လိုက်၏။ သို့သော်များစွာနောက် ကျခြဲ့ပီဖြစ်သဖြင့် နတ်ဘုရားတို့၏ သတိပေးမှုကို နားမထောင်မိခဲ့သည့် အတွက် ပန်ဒေါရာ နောင်တ ရမိ၏။ နတ်ဘုရားများ၏ လက်စားချေမှု အောင်မြင်ခဲ့ပြီဖြစ်၏။ သို့သော် သေတ္တာ တွင်း၌ စိတ်ဓါတ် တစ်ခု ကျန်ရှိနေ သေးကြောင်း ပန်ဒေါရာ သိရှိခ့၏ဲ ။ ယင်းစိတ်ဓါတ်ကား “မျှော်လင့်ခြင်း” (hope) ပင်ဖြစ်၏။
မကြာမီ ပန်ဒေါရာ၏ သေတ္တာလေး ထဲမှ မကောင်းဆိုးဝါး စိတ်ဓါတ်များ၏ နှိပ်စက်မှုကြောင့် ကမ္ဘာ မြေရှိ လူသားများ အကြားတွင် ငြိမ်းချမ်းမှု ပျောက်ဆုံး သွားခဲ့၏။ နတ်ဘုရားများ၏ လက်စားချေမှုကို လူသားများ နားလည် သဘောပေါက် ခြဲ့ကပြီး မိမိတို့၏ စွမ်းရည် များတွင် ကန့်သတ်မှုများ ရှိကြောင်း လက်ခံလာ ကြ၏။ ထို့အပြင် ပန်ဒေါရာ၏ သေတ္တာတွင်း၌ “မျှော်လင့်ခြင်း” ရှိနေသေးကြောင်း သိရှိရသဖြင့် စိတ်သက်သာရာ ရခြဲ့ကပြီး နတ်ဘုရားများ အပေါ်တွင် ဒေါသ ထွက်မှုများ အတန်ငယ် ပြေပျောက် သွားကြ၏။ “မျှော်လင့်ခြင်း” မပျက်စီးသရွေ့ တစ်နေ့တွင် ကမ္ဘာမြေ၌ ငြိမ်းချမ်းမှုပြန်လည် ရရှိနိုင်လိမ့်မည်ဟု လူအများ ယုံကြည် ထားခဲ့ကြ၏။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းဦးမည်

11/08/2009

ဒီနေ့ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် ဖြင့် (၁) နှစ်ခွဲ ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ကိုလည်း အင်းစိန် အထူး တရားရုံး က အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ပြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့ နှင့် လွတ်ငြိမ်းချမ်းသာ ခွင့် ပေးလိုက် သဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ နေထိုင်ခွင့်ဖြင့် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။
နေအိမ်အတွင်း ရေကူး ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

8.8.2009

08/08/2009

၈လေးလုံး နှစ်ပတ်လည်နေ့

Different strokes for different folks

07/08/2009

မတူတာလေးတွေ