Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

လူ့ဘုံ လူ့လောက

14/08/2009

လူ့ဘုံတွင် အရှေ့ကျွန်း(ပုဗ္ဗဝိဒေဟ)၊ အနောက်ကျွန်း(အပရဂေါယာန)၊ မြောက်ကျွန်း(ဥတ္တရကုရု)၊ တောင်ကျွန်း(ဇမ္ဗုဒီပ) ဟှူု၍လေးကျွန်းရှိ၍ အလယ်တွင် မြင်းမိုရ်တောင်ရှိသည်။ တစ်ကျွန်းစီတွင် ကျွန်းငယ် ၅၀၀ စီရံထားသည်။
အရှေ့ကျွန်းသည် လခြမ်းဝက် ပုံရှိ၍ ယူဇနာ ၇ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လခြမ်းပုံရှိသည်။ ကုန်ရောင်းကုန်ဝယ်နှင့် အသက်မွေး၍ နှစ် ၇၀၀ အသက်ရှည်သည်။ ကျွန်းထိပ်မှာ တစ်ယူဇနာ မြင့်သော ကုက္ကိုပင် ရှိသည်။
အနောက်ကျွန်းသည် လပြည့်ဝန်း ပုံရှိ၍ ယူဇနာ ၇ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လပြည့်ဝန်းပုံ ရှိသည်။ နွားယာဉ်ကို စီး၍ သွားလာနေထိုင်သည်။ နှစ် ၅၀၀ အသက်ရှည်သည်။ ကျွန်းထိပ်မှာ တစ်ယူဇနာ မြင့်သော ထိန်ပင် ရှိသည်။
မြောက်ကျွန်းသည် အင်းပျဉ်မှန် ပုံရှိ၍ ယူဇနာ ၈ ထောင်ရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း အင်းပျဉ်မှန်ပုံ ရှိသည်။ ကျွန်းထိပ်တွင် ယူဇနာ တစ်ရာ ရှိသော ပဒေသာပင် ရှိသည်။ အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူ၍ စားသောက် နေထိုင်သည်။ နှစ် ၁၀၀၀ အသက်ရှည်သည်။ ကျွန်းသူ ကျွန်းသား များသည် ဥပစ္ဆေဒကံ နှင့်မသေ၊ အိုမင်းခြင်း မရှိ ရာသီဥတု မျှတ၍ မှက်၊ခြင်၊ယင် မရှိ အနာရောဂါ ကင်းသည်။ ကျွန်းသူ ကျွန်းသား များသည် ကာမကိစ္စ ကို တစ်သက်လုံးမှ ၇ ရက်သာ ခံစားသည်။ ကိုယ်ဝန်ဆောင် သားဖွား ဒုက္ခ မရှိ မွေးချိန်တန် မှ မိခင်ဝမ်းမှ ထွက်လာသည်။ မွေးပြီး လမ်းမှာပစ်ခဲ့၍ တွေ့သူက ကလေးငယ် ပါးစပ်ထဲ လက်ထည့် လျှင် နို့ထွက်လာသည်။ ကလေးငယ်မှာ ယောက်င်္ကျားလေးဖြစ်လျှင် ယောက်င်္ကျားကြီးများ၊ မိန်းကလေး ဆိုလျှင် မိန်းမကြီးများ ဆီ နေထိုင်ကြသည်။ အမိနှင့်သား မသိကြ၊ မသိသော်လဲ တပ်မက်ခြင်း မဖြစ်။ မြောက်ကျွန်းတွင် လူသေလျှင် ငှက်များက တခြားကျွန်း သယ်သွား၍ သင်္ချိုင်း မရှိ ငါးပါးသီလ မြဲကြ၍ အပါယ်လေးဘုံ မရောက်ပဲ နတ်ပြည်၌ သာစံကြသည်။
တောင်ကျွန်းသည် လှည်းဦးဆုံ ပုံရှိ၍ ယူဇနာ ၁ သောင်းရှိသည်။ ကျွန်းနေလူတို့ မျက်နှာမှာ ထိုကျွန်းအတိုင်း လှည်းဦးဆုံ ပုံသဏ္ဌာန် ရှိသည်။ သက်တမ်း ပုံမှန်မရှိပေ။ ကျွန်းထိပ်မှာ တစ်ဆယ့်ငါး ယူဇနာ မြင့်သော သပြေပင် ရှိသည်။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း ကလူများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စင်္ကြာမင်း များ ဖြစ်တတ်ကြသည်။

ရ ရက် ဗုဒ္ဓ

23/06/2009

တနင်္ဂနွေ-တောထွက်တော် မူတဲ့နေ့
တနင်္လာ-ပရိနိဗ္ဗာန်မူတဲ့နေ့
အင်္ဂါ-အဓိဌာန် တော်မူတဲ့အတိုင်း တေဇောဓါတ် လောင်တော်မူတဲ့နေ့
ဗုဒ္ဓဟူး-ဘုရား ဖြစ်တဲ့နေ့
ကြာသပတေး-တုသိတာ နတ်ပြည်က စုတေပြီး မယ်တော်မာယာ မှာ ပဋိသန္ဓေ ယူတဲ့နေ့
သောကြာ-သိဒ္ဓတ္ထ မင်းသားဖွားတော်မူနေ့
စနေ-ဓမ္မစင်္ကြာ တရားစောတော်မူနေ့

မဟာစည် ဆရာတော်နှင့် နတ်မင်း အမေးအဖြေ

21/06/2009


မဟာစည် ဆရာတော်နှင့် နတ်မင်း အမေးအဖြေ.mp3 -
(မှတ်ချက် ထိုနေရာ မှရသည်)
မှရယူနိုင်သည်။

ရာဇ ဓမ္မ ၁၀ ပါး (သို့) မင်းကျင့်တရား ၁၀ပါး

13/03/2009

(၁)-ဒါန = စွန့်ကြဲ ပေးကမ်း ခြင်း
(၂)-သီလ = သီလ စောင့်တည်ခြင်း
(၃)-ပရိစာဂ= လခ ရိက္ခာ လုံလောက်အောင် ပေးခြင်း
(၄)-အဇ္ဇဝ= ဖြောင့်မတ် ရိုးသား စွာကျင့်ခြင်း
(၅)-မဒ္ဒဝ= စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ခြင်း
(၆)-တပ= ခြိုးခြံ ချွေတာခြင်း
(၇)-အကောမ= အမျက်ဒေါသ မထွက်အောင် စောင့်ဆည်းခြင်း
(၈)-အဝိဟိံ= မညှင်းဆဲ မနှိပ်စက်ခြင်း
(၉)-ခန္တီ= သီးခံ ခွင့်လွှတ်ခြင်း
(၁၀)-အဝိရောဓန= တိုင်းသူ ပြည်သား တို့ရဲ့ ဆန္ဒ ကို မဆန့်ကျင်ခြင်း

အလောင်းတော် ကဿပ လှိုဏ်ဂူ

20/02/2009

အလောင်းတော် ကဿပ စံကျောင်း သဘာဝ လိုဏ်ဂူ ကျောက်တံခါး သည် တပို့တွဲ လပြည့်နေ့ (၂၀၀၉ ဖေဖဝါရီ ၉ ရက်) မွန်းလွဲ ၁ နာရီ ခွဲ ဝန်းကျင် က လက်ကောက်ဝတ် ဝင်သာရုံ တံခါး နှစ်ချပ် ရှေ့နောက် ၁၅ မိနစ်ခန့် ရုတ်တရက် ထူးခြားစွာ ပွင့်သွားခဲ့ပြီး ဘုရားဖူးများ ဖူးမျှော်ခွင့် ရခဲ့သည်။ ဂူထဲ သို့ သေသေချာချာ မမြင်တွေ့ရ သော်လည်း အလင်းရောင် များတွေ့ရပြီး သတိကောင်းသော လူငယ်များက ဓါတ်ပုံ ရိုက်လိုက် နိုင်ကြသည်။ ဖူးမျှော် ခွင့်ရကြသော ဘုရားဖူး များက ပါလာသော လက်ဝတ် ရတနာ များကို ဂူတွင်းသို့ လက်လျှို ပြီး လှူဒါန်း ခွင့် ရကြသည်။ နှစ်စဉ် တပို့တွဲ လပြည့်နေ့ ရေသိမ် သမုတ်ပြီး ပရိတ် ရွတ်ဖတ် ပြီးတိုင်း ရောင်ခြည်တော် ကွန့်မြူး ကြုံရလေ့ ရှိသည် ဟုသိရသည်။

အောင်ခြင်း(၈)ပါး -ဒေါ်မေရှင်

10/02/2009

ရဟန်းမစား အပ်သည့် အသားကြီး (၁၀)မျိုး

21/12/2008

ရဟန်းမစား အပ်သည့် အသားကြီး (၁၀)မျိုးမှာ-
၁-လူသား
၂-ဆင်သား
၃-မြင်းသား
၎-ခြင်္သေ့သား
၅-ကျားသား
၆-ကျားသစ်သား
၇-ဝံသား
၈-မြွေသား
၉-ခွေးသား
၁၀-အောင်းသား
တို့ဖြစ်ကြသည်။ မြတ်စွာဘုရား ပညတ်ခဲ့သော အသားကြီး ၁၀ မျိုးကို စားမိပါက ထိုစားမိသော ရဟန်းသည် လူသားကို စားမိပါက ထုလ္လစဉ်း အာပတ်သင့်၍ ကျန် အသား ၉ မျိုးမှာ ဒုက္ကဋ် အာပတ် သင့်ပါသည်။

သီတင်းကျွတ် လပြည့်

14/10/2008


ဒီနေ့သီတင်းကျွတ် လပြည့်နေ့ပါ။ မြတ်စွာဘုရား သည် တတိယမြောက် ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီနတ်သား အားအမှုးပြု၍ အဘိဓမ္မာ တရားတော်ကို ဟောကြားခဲ့သည်။ သီတင်းကျွတ် လပြည့်နေ့တွင် နတ် ဗြဟ္မာ အပေါင်း ခြံရံ၍ အိန္ဒိယ နိုင်ငံ သင်္ကဿနဂိုရ်ပြည် သို့ ပြန်လည် ဆင်းသက် ကြွမြန်း တော်မူသည်။ ထိုအခါ လူအပေါင်း တို့က ဆီမီး အလင်းရောင်ဖြင့် လမ်းပြပူဇော် ကြသည်ကို အကြောင်းပြု၍ ယနေ့ခေတ် တိုင်အောင် နှစ်စဉ် ကျင်းပ ကြသည်။

ပတ္တနိက္ကုဇ္ဇန ကံ

18/09/2008


၁-ရဟန်းတို့အားလဒ်မရစိမ့်သောငှာအားထုတ်၏
၂-ရဟန်းတို့အားအကျိုးမဲ့စိမ့်ငှာအားထုတ်၏
၃-ရဟန်းတို့အားနေရာမရစိမ့်ငှာအားထုတ်၏
၎-ရဟန်းတို့အားဆဲရေး၏ ၊ ခြိမ်းခြောက်၏
၅-ရဟန်းတို့အားအချင်းချင်းကွဲပြားစေ၏
၆-ဘုရာ၏ကျေးဇူးမဲ့ကိုပြော၏
၇-တရား၏ကျေးဇူးမဲ့ကိုပြော၏
၈-သံဃာ၏ကျေးဇူးမဲ့ကိုပြော၏ ။

(၁၈.၈.၂၀၀၈) ဒီနေ့ဟာစစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင်တာ ဒုတိယအကြိမ် (၁) နှစ်ပြည့်ဖြစ်ပါတယ်။

ရွှေပါရမီတောရ သြဝါဒ

10/09/2008

တောင်းတဲ့သူဟာ
ငိုတဲ့သူနဲ့ အတူတူပဲ၊
တောင်းပါလျက်နဲ့ မပေးတဲ့သူဟာလည်း
ငိုတဲ့သူနဲ့အတူတူပဲ၊
ငိုတဲ့သူတွေနေတဲ့လောက
ဘယ်လိုလုပ်
လှပနိုင်တော့မလဲ။

အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ)