မြန်မာ တိုင်းရင်းသား ၁၃၅ မျိုး

31/01/2009

Nationality

Thailand's welcoming hand

28/01/2009

ထိုင်းနိုင်ငံ ရဲ့ လက်တွေ့ သဘောထား။

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမယ်…

မောင်စိန်ဝင်း (ပုတီးကုန်း)

အကောင်းဆုံး ယတြာ

26/01/2009

ကောင်းလိုက်တဲ့ ယတြာ ယုံယုံကြည်ကြည် ရွတ်ကြတာပေါ့။

စစ်နည်းဗျုဟာ

စစ်နည်းဗျုဟာ ဘယ်လိုသာလည်း၊
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်၊
ဓါးသွားလည်းကြွေ
လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ အမတ်ကြီး)

လူတူမရှား

22/01/2009

လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမယ့် အိုဘားမား နဲ့တူတဲ့ အတွက် သာမန် လူတစ်ယောက် ကနေ ချက်ချင်းလက်ငင်း TV စတားဖြစ်လာတာကတော့ အင်ဒိုနီးရှား နိုင်ငံက အသက်၃၄ နှစ် ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်နဲ့  စီပွားရေး လုပ်ငန်းတွေကို ကြော်ငြာ ရိုက်ပေး နေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့မအား နိုင်အောင် ဖြစ်နေတယ် လို့ဆိုတယ်။ မလေးရှား လေဆိပ် ရောက်တုန်းက လူတစ်ယောက်က သူကို ခင်ဗျား အိုဘားမားလား လို့လာမေးတာ ကိုတောင် ခံရဘူးတယ် လို့ ဆိုတယ်။ မဂ္ဂဇင်း တစ်စောင် အတွက် လည်း ဝတ်စုံ ဝတ် အမေရိကန် အလံကို နောက်ခံထားပြီး ဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ် ရှိပေမယ့် ခုတော့ သူဟာ ဘုရားပေးတဲ့ ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့ ကျော်ကြား အောင်မြင်မှုက သူနဲ့တူတဲ့ သူကိုတောင် ကောင်းကျိုး ပြုနေတာကတော့ ကျေနပ်စရာ ကောင်းပါတယ်။
သူကံကောင်း တာကတော့ သန်းရွှေနဲ့ သွားမတူခြင်းဖြစ်ပါတယ်။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း နဲ့ တေဇ တို့ နဲ့ တူနေတဲ့သူ ဆိုရင်တော့ သတိထားပါ ချောင်းအရိုက်ခံရ နိုင်ဖွယ်ရှိတဲ့အတွက် လိုရမယ်ရသံခမောက် တစ်လုံးကို အမြဲတမ်းဆောင်းထား သင့်ပါကြောင်း။ သူတို့ လိုမျက်နှာရှိတဲ့ သူတွေကလည်း စွဲဆောင်မှု နဲ့နှစ်လိုဖွယ် တစ်စက်မှမရှိတော့ မစွန်ပဲ စိတ်ကျဝေဒနာ ( Depression) လည်းရလာ နိုင်ပါကြောင်း။
(ဝင်းဇော်)

The World is Waiting

ဒီကနေ့ လက်ရှိ ကမ္ဘာ့ အခြေအနေ။