ကဗျာဆရာ အောင်ဝေး
28/07/2008
ရန်...ငါမပြတ်လို့ 
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ..
(၂၀၀၇-စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး)
၁၉၅၄ ခု ဇူလှိုင်၂၃ ရက် ညောင်လေးပင် တွင် အဖ တပ်ကြပ်ကြီး အေးမောင် အမိ ဒေါ်ကြည် မှ ညောင်လေးပင် တွင် မွေးဖွား၍ ၁၉၈၂ ရန်ကုန် မဟာဝိဇ္ဇာ ( မြန်မာစာ) တက်ခဲ့သည်။ ၁၉၈၂ တွင် မိုးဝေ နှင့် ရူမဝ မဂ္ဂဇင်း မှ တဆင့် စာပေနယ် ထဲ ရောက်၍ ၁၉၈၈ တွင် ဆရာ နတ်နွယ် နှင့် တွဲ၍ နွယ်နီ မဂ္ဂဇင်း အယ်ဒီတာ ၁၉၉၉-၂၀၀၀ တွင် ရနံ့သစ်၊မိုး၊မုခ တို့တွင် အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၇၆-၁၉၇၉ နှင့် ၁၉၈၉-၁၉၉၁ တွင် စာပေနှင့် နိုင်ငံရေး ကြောင့် အကျဉ်းကျခံ ခဲ့ရသည်။ ၂၀၀၇-စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး တွင် ထိုင်း-မြန်မာ နယ်စပ် မှ တဆင့် တိမ်းရှောင် ၍ ယခုအခါ အမေရိကန် တွင် နိုင်ငံရေး ခိုလှုံခွင့် ရ၍ စာပေ နှင့် နိုင်ငံရေး ဆောင်းပါးများ ရေးသား လျက် ရှိသည်။
0 comments: to “ ကဗျာဆရာ အောင်ဝေး ” so far...
Post a Comment