Forbes မဂ္ဂဇင်းကြီးက ဒေါ်အောင်ဆန်းစုကြည်

29/08/2008


ကမ္ဘာကျော် Forbes စီးပွားရေး မဂ္ဂဇင်း မှ၂၀၀၈ ခုနှစ် အတွက်
"The World's 100 Most Powerful Women"
ကမ္ဘာ ပေါ်မှာ သြဇာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၁၀၀ မှာဒေါ်အောင်ဆန်းစုကြည်
ကအဆင့် (၃၈)၊ မနှစ် ကတော့ အဆင့် (၇၁) ဖြစ်ပါတယ်။

ရုပ်ရှင် မင်းသားကြီး ဦးကျော်ဟိန်း


ရုပ်ရှင် မင်းသားကြီး ဦးကျော်ဟိန်း နိုဝင်ဘာလ ၄ရက် မှာဘုန်းကြီးအပြီး ဝတ်တော့မည်။
ဦးကျော်ရေ သံသရာ ကလွတ်မြောက်ဖို့ အားထုတ်မယ့် ရဟန်း အစစ် ဖြစ်ပါစေ။

မင်းကွန်းခေါင်းလောင်းကြီး ပြိုကျခဲ့

28/08/2008


သြဂုတ်လ ၃ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်မှာ သက်တမ်းနှစ် ၂၀၀ ရှိပြီဖြစ်တဲ့ ၁၈၀၈
မှာဘိုးတော်ဘုရား လက်ထက် သွန်းလုပ်ခဲ့ပြီး ဧရာဝတီ မြစ် အနောက်ဖက်ကမ်း အလေးချိန်ပိဿာ ၅၅၅၅၅ (တန် ၆၀ ခန့် )မင်းကွန်း ခေါင်းလောင်းကြီး ပြိုကျခဲ့ပါတယ်။

အေး ပြောတော့ကွာ

27/08/2008


ညကအသောက်လွန် သွားသူ တစ်ယောက်သည် နောက်နေ့ အိပ်ယာ မှအနိုးတွင် ဆေးရုံ ရောက်နေကြောင်း သိလိုက်ရ၏။ သူ့ ခုတင်ဘေးမှာ သူ့ အခင်ဆုံး သူငယ်ချင်း ထိုင်နေသည်ကို လည်းတွေ့ လိုက်၏။
"ဘယ်လိုဖြစ်တာလည်း သူငယ်ချင်း "
သူကဇဝေဇဝါ ဖြစ်နေပုံဖြင့် မေးလိုက်၏။
"အေး...ဖြစ်ပုံကို ငါပြောပြမယ်၊ မနေ့ ညကမင်းသိပ်ကိုများသွား တယ်၊ ဒီတော့မင်းက မူးမူးနဲ့ ပြတင်းပေါက်ဆီလျှေက်သွားတယ်၊ နောက်ပြတင်းပေါင်
ပေါ်တက်တယ်ကွာ၊ နောက်ပြီး 'ငါမြို့ ပေါ် ပျံမယ်ဟေ့' လို့ ပြောတယ်ကွာ"
သည်တွင် လူနာက စူးစူးရဲရဲ အော်မေးလိုက်၏။
"ဟ...မင်း ငါ့ကိုမတားဘူးလား၊ မင်းဘယ်လို သူငယ်ချင်းလဲ"
"ဟေ့ကောင်...မင်းအရမ်း အော်မနေနဲ့ ၊ မနေ့ ညကတော့ ငါကလဲ မင်းတကယ် ပျံနိုင်မယ် ထင်နေတာကိုး"

အာဆီယမ် ပဋိဉာဉ်စာတမ်း

24/08/2008

Read this document on Scribd: ASEAN Charter Burmese

WANTED AND UNWANTED

WANTED=Than shwe
UNWANTED=Gambari

ရုတ်တရက်လေဖြတ်လျှင် အရေးပေါ် ပြုစုရန်

19/08/2008

၁၊ လေဖြတ်ခံရသောလူနာကို နေရာမပြာင်းပါနှင့် ချက်ချင်းနေရာပြောင်းပါက လှုပ်ရှားခြင်းကြောင့် ဦးဏှောက်သွေးကြော ပေါက်၍ အခြေအနေ ပိုဆိုးနိုင်သည်။

၂၊ လူနာကိုအသာ အယာထူမ၍ ထိုင်စေပြီး အပ်ထိပ်ကို မီးရှို့ ၍ လူနာ၏ လက်ဆယ်ချောင်း ထိပ်ဖျားများ ကိုပဲစေ့ ခန့် သွေးထွက် အောင်ဖောက်ပေးပါ အကယ်၍ မထွက်ပါက ညှစ်ထုတ်ပေးပါ လက်ချောင်းအားလုံးပဲစေ့ ခန့် သွေးထွက်လာပြီးလျှင် လူနာမှာ သတိရလာပါမည်။

၃၊ လူနာသည် လေဖြတ်ပြီးချင်း ပါးရွဲ့  စောင်းသွားပါက နားနှစ်ဖက်လုံး ကိုနီရဲလာအောင်လက်ဖြင့်ပွတ်သပ် ဆွဲပေးပါ နားရွက်နီရဲလာလျှင် နားရွက်၏ အောက်ပိုင်း နားဖောက်သည့်နေရာတွင် မီးရှို့ ထားသည့် အပ်ဖြင့်နားရွက်တစ်ဖက်စီလျှင် နှစ်ချက်စီဖောက်ပေးပါ ပဲစေ့ ခန့် သွေးနှစ်စက် စီထွက်လာပြီးလျှင် ပါးရွဲ့ သွားခြင်းမှ ပြန်တည့်သွားပါမည်။

၎၊ ဆက်လက်၍ ဆေးရုံသို့ ပို့ ခြင်း စသည် ဆေးကုသမှု ဆက်လက်၍ ခံယူပါ။

၍နည်းသည် ရှေးဦးသူနာပြုစုနည်း ဖြစ်ပါသည်။

ပြေလည်သွားပြီ

17/08/2008


ကောင်းကင်ယံတွင် ပျံသန်းနေသော ခရီးသည်တင် လေယဉ်ကြီး၏ အင်ဂျင်စက်များ
ချို့ ယွင်းသွား၍ တဖြည်းဖြည်း
အောက်သို့ စိုက်ကျလာသည်။ လေယဉ်မှုးက အသံချဲ့ စက်မှတဆင့်
"အန္တရာယ်ကင်းတဲ့  ဘုရားစာဆိုတတ်သူရှိရင် လေယဉ်မောင်းခန်းထဲခတကြွပေးပါခင်ဗျာ"
လေယဉ်ပေါ် တွင်ပါလာသော ဗေဒင်ဆရာက ထိုင်ခုံမှထပြီး ရင်ကော့ခေါင်းမော့ စွာဖြင့်
"ကျွန်တော်ကောင်းကောင်း ရွတ်တတ်တယ် ခရီးသည်တွေကိုကယ်တင်ပေးမယ်"
လေယဉ်ရှေ့ခန်း ထဲဝင်သွား၏ ။ မကြာမှီ လေယဉ်မှုး နှစ်ဦး ထွက်လာကာ ရှေ့ခန်းတံခါးကို ပိတ်လိုက်ပြီးနောက်
"ခရီးသည်များ ခင်ဗျာဘာမှမစိုးရိမ် ကြပါနဲ့ လေထီးတစ်စင်းလိုနေတဲ့ ပြဿနာကို ခုနက အန္တရယ်ကင်း ဘုရားစာရွတ်မယ့်ပုဂ္ဂိုလ် ဖြေရှင်းပေးလိုက်ပါပြီ"

Beijing Olympics 2008 ၏လိမ်လည်မှု

MRTV မှဟာသများ

10/08/2008


MRTV
၁· နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။
၂· အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး၊မိမိက သွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲ ရသည်။
၃· သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ် ဟန်ဆောင်ပြရသည်။
(ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
၎· နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကိုဆိုလိုခြင်းဖြစ်သည်။
၅· နိုင်ငံတော်အကြီး အကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာ ကြား၍ပြန်လည်ထွက်ခွာ"သွားသူများသာဖြစ်ကြသည်။
၆· ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
၇· မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် နှစ်ဆယ်နီးပါးတည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
၈· နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။(ဝါ) အသိပေးရန်မလိုအပ်။ ယင်းသို့မထုတ်ပြန်သော်လည်းလမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်
နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံ ပေးနေရသည်။
၉· စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံးအဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
၁၀· မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓါတ်" ဆိုသည့်ဖွင့်ဆိုချက်ကိုလွှင့်ထုတ်ပေးနေရသည်။
၁၁· နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည်သတင်းထူး ဖြစ်သည်။
၁၂· ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။
နိုင်ငံတော်အကြီးအကဲများက ရံခါမလပ်ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏
၁၃· အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
၁၄· အမြဲ မကြားရ သောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"
၁၅· မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။
(မှတ်ချက်။ ဥပဓိကောင်းရန်မလို။)

ရေးသူ မမှတ်မိပါ။

After Wife 1.0 Program Install

09/08/2008


ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံသို့တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ Program ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ အားဖြင့် KaraOK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့  စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊

Mr.JP ခင်ဗျား..
လူကြီးမင်းကြုံတွေ့ နေရသောပြဿနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို့  Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို system ထဲမှာ install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို့ မရအောင် စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက် ရှုပ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ့ ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင်ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ့  အကြံပြုချင်တာ နောက်တစ်ခုကတော့ Wife 1.0 တစ်ခုလုံးနဲ့  သူ့ ရဲ့ 
eneral Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။ ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက် အောင် ကြုံတွေ့  နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါ လို့  တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ့ စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှု လိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ
စာကြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမဝင်သော Program များ ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပဖြစ်ပါစေနဲ့ ။အကယ်၍ Wife 1.0 က အဲဒီလို Program မျိုး ကိုတွေ့ ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍ မရနိုင်သော လုံးဝပြန်လည်၍ ကောင်း မွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ့ သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ့ အချိန် ကာလဆုံးရှုံးမှုတွေဟာ အလွန်မြင့်မားသွားတော့မှာပါ။
လေးစားစွာဖြင့်
JP
ရေးသူ Thurein

မြန်မာစာ အတွက် Zawgyi Firefox Add-ons

06/08/2008


Mozilla Firefox မှာ Zawgyi ရဲ့  Burmese Input System Firefox Add-ons ကိုအသုံးပြုပြီးမြန်မာစာကို အလွယ်တကူ စာရိုက်နိုင်ပါပြီ
MMGeeks Input System ကနေ Burmese ကိုရွေးရင်ပုံမှန်အတိုင်းစာရိုက်နိုင်ပြီး Burglish နဲ့ လဲစာရိုက်နိုင်ပါတယ်။လိပ်စာကဒီနေရာမှာ ဖြစ်ပါတယ်။

ဆရာကြီး မင်းသိင်္ခ အတွက် ဝမ်းနည်း ကြေကွဲခြင်း

01/08/2008

နိုင်ငံကျော် စာရေးဆရာ၊ဗေဒင်ဆရာကြီး နက္ခတ္တဗေဒ ဂမ္ဘီရ ပညာရှင် မင်းသိင်္ခ ခေါ် ဦးအောင်ထွန်း ၂၀၀၉ ခုနှစ် အတွက် အိန္ဒိယ နိုင်ငံ ကာလကတ္တား တက္ကသိုလ် မှ နက္ခတဗေဒ ပါရဂူ ဘွဲ့ ကို မြန်မာမင်း ၁၂၂ ပါး၏ ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် ရရှိထားသူ (၇၀ နှစ်) သည် ယနေ့ (၁.၈.၂၀၀၈) နံနက် ၆နာရီ၀၂မိနစ် တွင် ကမာရွတ် မြို့နယ် ပြည်လမ်းပေါ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ရှိ သွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ အာဇာနည် တစ်ဦး ဆုံးရှုံးခြင်း အတွက် ဝမ်းနည်းကြေကွဲ ပါကြောင်း ၊ ဆရာကြီး ကောင်းရာသုဂတိ လားပါစေ ။
(သဗ္ဗေသတ္တာ ကမ္မဿကာ)

၈လေးလုံး၊ ဦးနေဝင်း နဲ့  လူမဆန်မှုများ