ပြေလည်သွားပြီ

17/08/2008


ကောင်းကင်ယံတွင် ပျံသန်းနေသော ခရီးသည်တင် လေယဉ်ကြီး၏ အင်ဂျင်စက်များ
ချို့ ယွင်းသွား၍ တဖြည်းဖြည်း
အောက်သို့ စိုက်ကျလာသည်။ လေယဉ်မှုးက အသံချဲ့ စက်မှတဆင့်
"အန္တရာယ်ကင်းတဲ့  ဘုရားစာဆိုတတ်သူရှိရင် လေယဉ်မောင်းခန်းထဲခတကြွပေးပါခင်ဗျာ"
လေယဉ်ပေါ် တွင်ပါလာသော ဗေဒင်ဆရာက ထိုင်ခုံမှထပြီး ရင်ကော့ခေါင်းမော့ စွာဖြင့်
"ကျွန်တော်ကောင်းကောင်း ရွတ်တတ်တယ် ခရီးသည်တွေကိုကယ်တင်ပေးမယ်"
လေယဉ်ရှေ့ခန်း ထဲဝင်သွား၏ ။ မကြာမှီ လေယဉ်မှုး နှစ်ဦး ထွက်လာကာ ရှေ့ခန်းတံခါးကို ပိတ်လိုက်ပြီးနောက်
"ခရီးသည်များ ခင်ဗျာဘာမှမစိုးရိမ် ကြပါနဲ့ လေထီးတစ်စင်းလိုနေတဲ့ ပြဿနာကို ခုနက အန္တရယ်ကင်း ဘုရားစာရွတ်မယ့်ပုဂ္ဂိုလ် ဖြေရှင်းပေးလိုက်ပါပြီ"

0 comments: to “ ပြေလည်သွားပြီ so far...