MRTV မှဟာသများ

10/08/2008


MRTV
၁· နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။
၂· အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး၊မိမိက သွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲ ရသည်။
၃· သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ် ဟန်ဆောင်ပြရသည်။
(ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
၎· နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကိုဆိုလိုခြင်းဖြစ်သည်။
၅· နိုင်ငံတော်အကြီး အကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာ ကြား၍ပြန်လည်ထွက်ခွာ"သွားသူများသာဖြစ်ကြသည်။
၆· ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
၇· မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် နှစ်ဆယ်နီးပါးတည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
၈· နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။(ဝါ) အသိပေးရန်မလိုအပ်။ ယင်းသို့မထုတ်ပြန်သော်လည်းလမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်
နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံ ပေးနေရသည်။
၉· စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံးအဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
၁၀· မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓါတ်" ဆိုသည့်ဖွင့်ဆိုချက်ကိုလွှင့်ထုတ်ပေးနေရသည်။
၁၁· နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည်သတင်းထူး ဖြစ်သည်။
၁၂· ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။
နိုင်ငံတော်အကြီးအကဲများက ရံခါမလပ်ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏
၁၃· အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
၁၄· အမြဲ မကြားရ သောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"
၁၅· မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။
(မှတ်ချက်။ ဥပဓိကောင်းရန်မလို။)

ရေးသူ မမှတ်မိပါ။