လူတူမရှား
22/01/2009
လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမယ့် အိုဘားမား နဲ့တူတဲ့ အတွက် သာမန် လူတစ်ယောက် ကနေ ချက်ချင်းလက်ငင်း TV စတားဖြစ်လာတာကတော့ အင်ဒိုနီးရှား နိုင်ငံက အသက်၃၄ နှစ် ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်နဲ့  စီပွားရေး လုပ်ငန်းတွေကို ကြော်ငြာ ရိုက်ပေး နေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့မအား နိုင်အောင် ဖြစ်နေတယ် လို့ဆိုတယ်။ မလေးရှား လေဆိပ် ရောက်တုန်းက လူတစ်ယောက်က သူကို ခင်ဗျား အိုဘားမားလား လို့လာမေးတာ ကိုတောင် ခံရဘူးတယ် လို့ ဆိုတယ်။ မဂ္ဂဇင်း တစ်စောင် အတွက် လည်း ဝတ်စုံ ဝတ် အမေရိကန် အလံကို နောက်ခံထားပြီး ဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ် ရှိပေမယ့် ခုတော့ သူဟာ ဘုရားပေးတဲ့ ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့ ကျော်ကြား အောင်မြင်မှုက သူနဲ့တူတဲ့ သူကိုတောင် ကောင်းကျိုး ပြုနေတာကတော့ ကျေနပ်စရာ ကောင်းပါတယ်။
သူကံကောင်း တာကတော့ သန်းရွှေနဲ့ သွားမတူခြင်းဖြစ်ပါတယ်။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း နဲ့ တေဇ တို့ နဲ့ တူနေတဲ့သူ ဆိုရင်တော့ သတိထားပါ ချောင်းအရိုက်ခံရ နိုင်ဖွယ်ရှိတဲ့အတွက် လိုရမယ်ရသံခမောက် တစ်လုံးကို အမြဲတမ်းဆောင်းထား သင့်ပါကြောင်း။ သူတို့ လိုမျက်နှာရှိတဲ့ သူတွေကလည်း စွဲဆောင်မှု နဲ့နှစ်လိုဖွယ် တစ်စက်မှမရှိတော့ မစွန်ပဲ စိတ်ကျဝေဒနာ ( Depression) လည်းရလာ နိုင်ပါကြောင်း။
(ဝင်းဇော်)
List of Presidents of the United States
1. George Washington (1732-1799)     None, Federalist     1789-1797
2. John Adams (1735-1826)     Federalist     1797-1801
3. Thomas Jefferson (1743-1826)     Democratic-Republican     1801-1809
4. James Madison (1751-1836)     Democratic-Republican     1809-1817
5. James Monroe (1758-1831)     Democratic-Republican     1817-1825
6. John Quincy Adams (1767-1848)     Democratic-Republican     1825-1829
7. Andrew Jackson (1767-1845)     Democrat     1829-1837
8. Martin van Buren (1782-1862)     Democrat     1837-1841
9. William H. Harrison (1773-1841)     Whig     1841
10. John Tyler (1790-1862)     Whig     1841-1845
11. James K. Polk (1795-1849)     Democrat     1845-1849
12. Zachary Taylor (1784-1850)     Whig     1849-1850
13. Millard Fillmore (1800-1874)     Whig     1850-1853
14. Franklin Pierce (1804-1869)     Democrat     1853-1857
15. James Buchanan (1791-1868)     Democrat     1857-1861
16. Abraham Lincoln (1809-1865)     Republican     1861-1865
17. Andrew Johnson (1808-1875)     National Union     1865-1869
18. Ulysses S. Grant (1822-1885)     Republican     1869-1877
19. Rutherford Hayes (1822-1893)     Republican     1877-1881
20. James Garfield (1831-1881)     Republican     1881
21. Chester Arthur (1829-1886)     Republican     1881-1885
22. Grover Cleveland (1837-1908)     Democrat     1885-1889
23. Benjamin Harrison (1833-1901)     Republican     1889-1893
25. William McKinley (1843-1901)     Republican     1897-1901
26. Theodore Roosevelt (1858-1919)     Republican     1901-1909
27. William Taft (1857-1930)     Republican     1909-1913
28. Woodrow Wilson (1856-1924)     Democrat     1913-1921
29. Warren Harding (1865-1923)     Republican     1921-1923
30. Calvin Coolidge (1872-1933)     Republican     1923-1929
31. Herbert C. Hoover (1874-1964)     Republican     1929-1933
32. Franklin Delano Roosevelt (1882-1945)     Democrat     1933-1945
33. Harry S Truman (1884-1972)     Democrat     1945-1953
34. Dwight David Eisenhower (1890-1969)     Republican     1953-1961
35. John Fitzgerald Kennedy (1917-1963)     Democrat     1961-1963
36. Lyndon Baines Johnson (1908-1973)     Democrat     1963-1969
37. Richard Milhous Nixon (1913-1994)     Republican     1969-1974
38. Gerald R. Ford (1913- 2006)     Republican     1974-1977
39. James (Jimmy) Earl Carter, Jr. (1924- )     Democrat     1977-1981
40. Ronald Wilson Reagan (1911- 2004)     Republican     1981-1989
41. George H. W. Bush (1924- )     Republican     1989-1993
42. William (Bill) Jefferson Clinton (1946- )     Democrat     1993-2001
43. George W. Bush (1946- )     Republican     2001-2009
44. Barack Obama (1961- )     Democrat     2009-
ထိုင်းစစ်တပ်က ရိုဟင်ဂျာ များကို ပင်လယ်ထဲ မောင်းထုတ်
ထိုင်းအာဏာပိုင်များက လှေတစီးကို နိုင်ငံတကာ ရေပိုင်နက် အတွင်းသို့ ပြန်လည် မောင်းထုတ်ခဲ့ရာ လှေပေါ်တွင် ပါသွားသူထဲမှ သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသည်ဟု အခိုင်အမာ သိရပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံး နေသည်ဟု သတင်းဌာန များမှတဆင့် သိရသည်။
ထိုင်းရေတပ်က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၄၁၂ ဦးကို လှေကြီး တစီးပေါ် တင်၍ ပြီးခဲ့သည့်လ ၁၈ ရက်နေ့က Koh Surin ကျွန်းမှ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပို့ဆောင် လိုက်သည်။
“သူတို့ ပင်လယ်ဘက် ပြန်မသွားချင်ဘူး။ လမ်းခရီးမှာ ရိက္ခာပြတ်ပြီး သေမှာကို စိုးရိမ်တယ်။ ထိုင်းစစ်တပ်က သေနတ်နဲ့ ချိန်ထားတော့ လှေပေါ် ပြန်မတက်ချင်ဘဲ တက်ခဲ့ရတယ်” ဟု  ပြောပြသည်။ ထိုင်းစစ်တပ်က လှေပေါ်မှ အင်ဂျင်ကို ဖြုတ်ယူထားပြီး ရိက္ခာအဖြစ် သောက်သုံးရေ တိုင်ကီ ၂ လုံး၊ ဆန် အိတ် ၄ အိတ် ပေးလိုက်သည်ဟု  ပြောပြသည်။
အသက်ရှင် ကျန်ရစ်သူများထဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ  လူငယ်၏ ပြောပြချက်အရ ၎င်းနှင့်အတူ ရွာမှ ထွက်လာသူများအနက် ၄ ဦးသေဆုံးပြီး ၄ ဦး အသက်ရှင် ကျန်ရစ်ကြောင်း၊ မလေးရှား နိုင်ငံသို့ သွားရောက်ရန် စိတ်ကူးခဲ့ကြကြောင်း ရှင်းပြသည်။
ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး၊ နိုင်ငံမဲ့နေသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ မြန်မာ အာဏာပိုင်များ၏ ဖိနှိပ်မှုကို ခံနေရသည်။ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် ရသူများ မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက် များကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်း လာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြသည်။ အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တလအတွင်း တရားမဝင် ရောက်ရှိလာသော ရိုဟင်ဂျာများကို ဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်းမှာ ၆၅၉ ဦး ဖြစ်သည်။

.jpg)







