အချစ်ဦး

28/01/2009

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမယ်…

မောင်စိန်ဝင်း (ပုတီးကုန်း)

0 comments: to “ အချစ်ဦး so far...