သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

23/09/2008

ထောင်တွင်း(၁၉)နှစ်ကျော် နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် ဟာဒီနေ့ အင်္ဂါနေ့ ညနေမှာ လွတ်မြောက်ခဲ့ပါတယ်။ ဦးဝင်းတင်ဟာ အသက် (၇၈) နှစ်ရှိပြီဖြစ်ပြီး ယနေ့လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်မှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ဦးဝင်းတင် ဟာ ၁၉၃၀ မတ်လ ၁၂ ရက်မှာ ပဲခူးတိုင်း ကြို့ ပင်ကောက် မြို့ မှာ မွေးဖွား၍ လူပျိုကြီးဖြစ်ပါတယ်။ ကမ္ဘာမှာ ထောင်သက်အရှည်ဆုံး သတင်းစာ ဆရာကြီးအဖြစ် ထင်ရှားပါတယ်။ ဦးဝင်းတင်ဟာ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟိုအလုပ် အမှုဆောင်ကော်မတီတွင် အတွင်းရေးမှုး(၁)အဖြစ် တာဝန်ယူခဲ့၍ 'အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ' ဟူသောဆောင်ပုဒ် မှာထင်ရှားသည်။ စစ်အစိုးရ မှ ၁၉၈၉ ခု ဇူလှိုင် ၄ ရက်တွင် တရားခံတစ်ဦး၏ ဖခင်နှင့်တယ်လီဖုန်း ဆက်သွယ်သည် ဟူသော မရေရာသည့် စွပ်စွဲ ချက်နှင့် ဖမ်းဆီးခဲ့သည်။