ရန်ကုန်မှာလုံခြုံရေးအထူးတင်းကြပ်လာတာ၁၉၈၈ခုနှစ်နောက်ပိုင်းကတည်းကဆိုတာ
မြန်မာနိုင်ငံသားတိုင်းသိပါတယ်။ ကား၊ရထား ယာဉ်နဲ့ လမ်းခရီးမှာဆိုရင်             မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကတ်ပြား) စစ်မယ်။ညဘက်မှာဆို အိမ်တွေ             လှည့်ပြီး ဧည့်စာရင်းစစ်မယ်။ မသင်္ကာရင်ဖမ်းမယ်။             အခုဆိုရင်လူနေရပ်ကွက်တွေကနေ ဘုန်းတော်ကြီးကျောင်းတွေတောင် ချမ်းသာ             မပေးနိုင်တဲ့ အထိ စစ်ဆေးရေး ထူထပ်လာပါပြီ။ဒီအချိန်မှာ             ညအချိန် လမ်းမှာ ကြောင်တောင်တောင် လူတယောက်ကို မသင်္ကာလို့  ရဲစခန်းကို             ဖမ်းခေါ်လာပြီး စစ်ဆေးရာမှာ
ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ
ဟို ဟို             ဗျာ။ ဒီ ဒီ-- ကျွန်တော့်နာမည်က
ကိုယ့်နာမည်             ကိုတောင်မေ့နေရသလား။ ခင်ဗျားမိဘတွေက ခင်ဗျားကိုဘယ်လိုခေါ်လဲ။
သားသားလို့ ခေါ်တယ်။
ခင်မှားမိန်းမက ခင်ဗျား ဘယ်လိုခေါ်သလဲ။
မောင်တဲ့။
မဟုတ်သေးပါဘူး၊ ခင်ဗျားသား သမီးတွေကရော ခင်ဗျားကို ဘယ်လိုခေါ်သလဲ။
အဖေကြီးတဲ့။
ဟာ- ဒီလူကွာ             ကြောင်သလားမမေးနဲ့ ။ ရူးကြောင်ကြောင်ထပ်လုပ်ရင်တော့ နားရင်းတီး             မိတော့မယ်။ကိုင်း-- သူငယ်ချင်းတွေကရော ခင်ဗျားကို ဘယ်လိုခေါ်လဲ။
ဆရာတို့             ခုနပြောတဲ့ ရူးကြောင်ကြောင်ဆိုတဲ့ စကားကြားမှ ကျွန်တော့်နာမည် မှတ်မိလာ             တယ်။ အဲလို ဖြစ်လွန်းလို့  သူငယ်ချင်းတွေကရော တရွာလုံးက ပေးထားတဲ့             နာမည်ရှိတယ်။ အခုမှ မှတ်မိပြီ။
မှတ်မိရင်             မြန်မြန်ပြောဗျာ။
            
            ဟို ဟို - သန်းရွှေကြီး တဲ့။
P.S:copied from hittaing
Posted by
LIN STAR
at
13:09