သီတင်းကျွတ် လပြည့်

14/10/2008


ဒီနေ့သီတင်းကျွတ် လပြည့်နေ့ပါ။ မြတ်စွာဘုရား သည် တတိယမြောက် ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီနတ်သား အားအမှုးပြု၍ အဘိဓမ္မာ တရားတော်ကို ဟောကြားခဲ့သည်။ သီတင်းကျွတ် လပြည့်နေ့တွင် နတ် ဗြဟ္မာ အပေါင်း ခြံရံ၍ အိန္ဒိယ နိုင်ငံ သင်္ကဿနဂိုရ်ပြည် သို့ ပြန်လည် ဆင်းသက် ကြွမြန်း တော်မူသည်။ ထိုအခါ လူအပေါင်း တို့က ဆီမီး အလင်းရောင်ဖြင့် လမ်းပြပူဇော် ကြသည်ကို အကြောင်းပြု၍ ယနေ့ခေတ် တိုင်အောင် နှစ်စဉ် ကျင်းပ ကြသည်။