အတိတ် နိမိတ် တဘောင် စနည်း ဘဝေါ

10/10/2008

အတိတ်ဟူသည်- သုံးပါးကာလ အတီတကို ပမာတင်၍ အဓိပ္ပါယ် ကောက်ယူရခြင်း
နိမိတ်ဟူသည်- အနာဂတ်မှာ ဖြစ်ပျက်ရာကို ပြလာတုံရှောင်း အကြောင်းတစိ တွေ့မြင်ဘိသည်ကို နှိုင်းညှိဆင်၍ သိရခြင်း
တဘောင်ဟူသည်- တံဘာသ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး ရှေ့၌ ဖြစ်လတ္တံ့သော အကြောင်းကို ဆောင်၍ ပေါ်လာသော သီဆိုကခုန်မှု ဆိုင်ရာ သီချင်း
စနည်းဟူသည်- မြန်မာနဲ့ပါဠိ ရောနေတဲ့ စံ နဲ့ နယ ကလာတဲ့ စကားလို့ သိရပါတယ်။ လူငှက် စသည်တို့ရဲ့ အသံကို ကောက်ယူမှတ်သား ဟောပြောရခြင်း
ဘဝေါဟူသည်- ဘုရားကျောင်းကန် စေတီ ဇရပ် ပြာသာဒ် တို့မှာ ဖြစ်ပျက်ပုံတွေ နေ လ ကြယ်တံခွန် တို့ရဲ့ ဖြစ်ပျက်ပုံတွေကို အဓိပ္ပါယ်ကောက်ပြီး ဟောပြောရခြင်း လို့ဆိုထားပါတယ်။