အိမ်ပြန်ချင်တယ်

01/11/2008


ညနေဆည်းဆာ
နေဝင်တော့မယ့်အချိန်မှာ
တောင်ပေါ်ဘုန်းကြီးကျောင်းက
ခေါင်းလောင်းသံကသာ
အားလုံးညီညီညာညာလက်တွဲကာ
အိမ်ကိုပြန်ရမှာ
အိပ်တန်းတက်မယ့်ကျေးငှက်တွေလဲ
အသိုက်အမြုံရှိရာပြန်ကြတာ
အချိန်တန်ရင်အားလုံးဟာ
ကိုယ့်နေရာကိုကိုယ်ပြန်ကြရတာ။

ဂျပန်မှာ ညနေ ၅ နာရီ နွေဆို ၆ နာရီ မှာလွှင့်တဲ့ သံစဉ် တီးလုံးလေးကို ကြားရတိုင်း အိမ်အရမ်းပြန်ချင် တာပဲ ဒီတီးလုံးလေးကို သတိထားမိတာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အတူနေတဲ့ အန်ကယ်ကြီး ဦးတင်မောင်ဦး ကပြောလို့ သတိထားပြီး နားထောင်မိကတဲက အဓိပါယ် မသိပဲနဲ့ ကြားမိတိုင်း အိမ်ပြန်ချင်တယ်။ နောက် You Tube ကချစ်ချင်းငယ်ပြိုင် Video ကြည့်မိတော့မှအဓိပါယ် သိရတယ်။ လူတိုတာ အချိန်တန်ရင် အိမ်ပြန်ကြရ စမြဲပဲလေ ဘယ်တော့အချိန်တန် မလဲသာ မသိတာ။