အလောင်းတော် ကဿပ လှိုဏ်ဂူ

20/02/2009

အလောင်းတော် ကဿပ စံကျောင်း သဘာဝ လိုဏ်ဂူ ကျောက်တံခါး သည် တပို့တွဲ လပြည့်နေ့ (၂၀၀၉ ဖေဖဝါရီ ၉ ရက်) မွန်းလွဲ ၁ နာရီ ခွဲ ဝန်းကျင် က လက်ကောက်ဝတ် ဝင်သာရုံ တံခါး နှစ်ချပ် ရှေ့နောက် ၁၅ မိနစ်ခန့် ရုတ်တရက် ထူးခြားစွာ ပွင့်သွားခဲ့ပြီး ဘုရားဖူးများ ဖူးမျှော်ခွင့် ရခဲ့သည်။ ဂူထဲ သို့ သေသေချာချာ မမြင်တွေ့ရ သော်လည်း အလင်းရောင် များတွေ့ရပြီး သတိကောင်းသော လူငယ်များက ဓါတ်ပုံ ရိုက်လိုက် နိုင်ကြသည်။ ဖူးမျှော် ခွင့်ရကြသော ဘုရားဖူး များက ပါလာသော လက်ဝတ် ရတနာ များကို ဂူတွင်းသို့ လက်လျှို ပြီး လှူဒါန်း ခွင့် ရကြသည်။ နှစ်စဉ် တပို့တွဲ လပြည့်နေ့ ရေသိမ် သမုတ်ပြီး ပရိတ် ရွတ်ဖတ် ပြီးတိုင်း ရောင်ခြည်တော် ကွန့်မြူး ကြုံရလေ့ ရှိသည် ဟုသိရသည်။