အမေရိကန် နှင့် ရှရှား ဂြိုလ်တု တိုက်မိ

14/02/2009

အမေရိကန် အခြေစိုက် Iridium ကုမ္မဏီမှ လွှင့်တင် ထားသော Iridium 33 အမည် ရှိ ဂြိုလ်တု သည် အသုံး မပြု တော့သော ရုရှား စစ်ဘက် ဂြိုလ်တု Kosmos 2251 ကိုကမ္ဘာ့ မြေပြင် အထက် မိုင် ၅၀၀ အကွာ တွင် ကမ္ဘာ့ပတ်လမ်း အတွင်း ဂြိုလ်တု နှစ်ခု ပထမ ဦးဆုံး အဖြစ် တိုက်မိ ခဲ့ခြင်း ဖြစ်သည်။ ရုရှား ဂြိုလ်တု ကို ၁၉၉၃ ခုနှစ်က လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး ၂ နှစ်ခန့် အသုံးပြု ပြီးနောက် စွန့်ပစ်ခဲ့သည်။အင်္ဂါနေ့ က ဂရင်းနစ် စံတော်ချိန် ၁၆၅၅ အချိန်တွင် ကီလိုဂရမ် ၉၀၀ အလေးချိန် ရှိသော ရုရှား စစ်ဘက် ဂြိုလ်တု နှင့် Irdium ၏ ကီလိုဂရမ် ၅၆၀ လေးသော ဂြိုလ်တု တစ်လုံး တို့ ဆိုက်ဘေးရီးယား နိုင်ငံ အထက် မိုင် ၄၉၀ ခန့်အကွာ တွင် တိုက်မိ သွားသည်။