Happy Valentines Day

14/02/2009


MUDTRAP.COM

ဒဏ္ဍာရီ (၁)
ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်း တွေက သိနားလည် ထားကြတာ ကတော့ Valentine လို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါး ရှိခဲ့ ပါတယ်တဲ့။ ဒဏ္ဍာရီ တစ်ခုက အတည်ပြု ထားတဲ့ ဇာတ်လမ်းအရ Valentine ဆိုတာ (၃) ရာစု လောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပြီး အဲဒီ ဘုန်းတော်ကြီး ဟာ ကလောဒီးယပ်စ် (၂) ဘုရင် လက်ထက်မှာ သက်ရှိ ထင်ရှား ရှိခဲ့ တဲ့ ပုဂ္ဂိုလ် တစ်ဦး လို့ ဆိုပါတယ်။ ဘုရင် ကလောဒီးယတ်စ် ဟာ တိုင်းပြည်မှာ ရှိတဲ့ အိမ်ထောင်သည် တွေကို စစ်တပ် အတွက် မရွေးချယ်ဘဲ လူပျို လူလွတ် တွေကို စစ်မှုထမ်းဖို့ အမိန့် ထုတ်ခဲ့ ပါတယ်။ တိုင်းပြည်က လူပျိုတွေ ခမျာ သူတို့ရဲ့ ချစ်သူ ကြင်သူ တွေနဲ့ ဝေးကွာ ရတဲ့ စိတ်ဒုက္ခ ကို ခံစားနေ ခဲ့ရ ရှာတယ်။ ဘုရင် ကလဲ လူပျို တွေ အိမ်ထောင် မပြုရဘူး လို့ အမိန့် ထုတ်ထား တာကိုး။ လူငယ် တွေရဲ့ သနား စရာ အဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင် Valentine ဟာ ဆုံးဖြတ်ချက် တစ်ခု ခိုင်ခိုင်မာမာ ချပြီး ဥပဒေ အပြင် ဘက်ကနေ စစ်မှု ထမ်းသူ လူငယ်လေး တွေကို သူတို့ရဲ့ ချစ်သူ တွေနဲ့ တိတ်တဆိတ် လက်ထပ် ပေးခဲ့ ပါတယ်။ ဘုန်းတော်ကြီး ရဲ့ လုပ်ရပ်ကို သိသွား တဲ့အခါ ဘုရင် ကလောဒီးယတ်စ် တစ်ယောက် ဒေါသ ပေါက်ကွဲ ပြီး ရှင်တော် Valentine ကို သေဒဏ် ချမှတ် ခဲ့ပါတော့တယ်။

ဒဏ္ဍာရီ (၂)
နောက်ထပ် ရာဇဝင် တစ်ခု ကတော့ သူတော်စင် Valentine ဟာ အကျဉ်းခံရ သူတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ နောက်တော့ အကျဉ်းသား Valentine ဟာ သူ့ဆီကို မကြာ ခဏ အလည် လာတွေ့တဲ့ ထောင်မှူး သမီးနဲ့ ချစ်ကြိုး သွယ်မိ ခဲ့တယ်။ ထောင်ထဲ မှာ သူမသေဆုံး ခင် စာတစ်စောင် ကို ချစ်သူ အတွက် ချန်ထား ခဲ့ရာမှာ “From Your Valentine” ဆိုပြီး လက်မှတ် ရေးထိုး ခဲ့ပါ သတဲ့။ ဒီနေရာ မှာ သူရေး ခဲ့တဲ့ စာ အရေး အသား ဟာ ခုခေတ် ရင်ဖွင့်စာ တွေမှာ တွေ့နေရတဲ့ အသုံးအနှုန်း နဲ့ သွားပြီး တူညီနေတာ တွေ့ရ ပါတယ်။ ဒီတော့ ပထမ ဆုံးသော ချစ်သက် လက်ဆောင် ကို Valentine က ပေးပို့ ခဲ့တယ် လို့ သတ်မှတ် နိုင်မှာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ (၃)
အလယ် ခေတ် လောက်က Valentine ဒဏ္ဍာရီ ဟာ ပြင်သစ် နဲ့ အင်္ဂလန် နိုင်ငံတွေ မှာ တော်တော် လေး ခေတ်စား လာခဲ့ပြီး အယူအဆ အမျိုးမျိုး လဲ ဆင့်ပွား ပေါ်ပေါက် လာခဲ့ပါတယ်။ တချို့ ကတော့ St. Valentine ဟာ ခေါင်းဖြတ် ပြီး အသတ် ခံရ တယ်လို့ ယုံကြည် နေကြပြီး နောက်ထပ် လူပြော များတာ တစ်ခုက Valentine ရဲ့ ရုပ်ကြွင်း (ဒါမှမဟုတ်) အရိုးပြာ ကို အိုင်ယာလန် နိုင်ငံက ဘုန်းတော်ကြီး John Spratt အတွက် ပုပ်ရဟန်း မင်းကြီး George XVI က လက်ဆောင် အဖြစ် ပေးအပ် ခဲ့တယ် ဆိုတာ ပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီး ဟာ တရား ဟော အရမ်း ကောင်းတဲ့ အတွက် ပုပ်ရဟန်း မင်းကြီးက အထင်ကြီး လေးစား မိပါ သတဲ့။ ဒါကြောင့် လဲ ရွှေကွပ် ထားတဲ့ အနက်ရောင် ကြုတ် ကလေး ထဲမှာ ထည့်ထား တဲ့ သူတော်စင် Valentine ရဲ့ အရိုးပြာ ကို ပေးအပ် လိုက်တယ် လို့ သိရ ပါတယ်။ အိုင်ယာလန် နိုင်ငံ၊ ဒဗ္ဗလင်မြို့၊ Whitefriar လမ်းက ဘုရားကျောင်း မှာ ပြသ ထားတဲ့ အဲဒီကြုတ် ကလေး ကို Valentine’s Day ရောက်လာ တိုင်း လူတွေက သွားရောက် ကြည့်ရှု လေ့ ရှိကြ ပါတယ်။


0 comments: to “ Happy Valentines Day so far...