ဆေးလိပ်မသောက်လျှင် ဒဏ်ငွေဆောင်ရမည်

06/05/2009

တရုတ် နိုင်ငံ၏ ပြည်နယ်တစ်ခု တွင် သတ်မှတ်ထားသည့် စီးကရက် အရေအတွက်ကို ကုန်အောင် မသောက် နိုင်ပါက ဒဏ်ငွေဆောင် ရမည်ဟု အစိုးရဝန်ထမ်းများ ကို အသိပေး ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ Hubei ခရိုင်အတွင်းရှိ Gong'an ပြည်နယ် အစိုးရ က ၄င်း၏ ဝန်ထမ်းများ အား Hubei ခရိုင်လုပ် ပြည်တွင်းဖြစ် စီးကရက် တစ်နှစ်လျှင် ဗူးပေါင်း ၂ သိန်း ၃ သောင်းခန့် ကုန်အောင် သောက်ရန် တိုက်တွန်း ထားကြောင်း Global Times သတင်းစာတွင် ဖော်ပြ ပါရှိပြီး သတ်မှတ် အရေအတွက် ထက် လျော့နည်းပါက ထိုဌာန ကို ဒဏ်ငွေ ပေးဆောင် စေမည်ဟု သိရသည်။ Gong'an စီးကရက် ရောင်းချရေး စီမံခန့်ခွဲမှုမှ တာဝန်ရှိသူ Chen Nianzu က “သဘောတရား ကတော့ စီးကရက် ရောင်းရာကနေ ရလာတဲ့ အခွန် ငွေတွေနဲ့ စီးပွားရေး ကျဆင်းမှု ကို ပြန်လည်မြှင့်တင် ဖို့ပါ” ဟု ဆိုသည်။ တရုတ် နိုင်ငံ ၏ ပြည်နယ် များတွင် ဒေသ အလိုက် ထုတ်လုပ်သော စီးကရက် များရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှသဖြင့် ယခုကဲ့သို့ နည်းလမ်းများ ရှာကြခြင်း ဖြစ်သည်။
တရုတ် နိုင်ငံတွင် ဆေးလိပ် သောက်သူ သန်း ၃၅၀ ရှိပြီး တစ်နှစ် လျှင် လူ ၁ သန်းခန့် သည် ဆေးလိပ် ကြောင့်ဖြစ်သော ရောဂါ များဖြင့် သေဆုံးလျက် ရှိသည်။ တရုတ် နိုင်ငံရှိ အမျိုးသား ဆရာဝန်များ ၏ တဝက် ခန့်သည်လည်း ဆေးလိပ်ကို ခုံခုံမင်မင် သောက်တတ် သူများ ဖြစ်သည်ဟု သိရသည်။
(သံလွင် အိပ်မက်)