ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းဦးမည်

11/08/2009

ဒီနေ့ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် ဖြင့် (၁) နှစ်ခွဲ ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ကိုလည်း အင်းစိန် အထူး တရားရုံး က အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ပြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့ နှင့် လွတ်ငြိမ်းချမ်းသာ ခွင့် ပေးလိုက် သဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ နေထိုင်ခွင့်ဖြင့် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။
နေအိမ်အတွင်း ရေကူး ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချက် ချမှတ်ခဲ့သည်။