Japan ရွေးကောက်ပွဲ

30/08/2009

ဂျပန်နိုင်ငံရဲ့ ရာစုနှစ်တဝက် အုပ်ချုပ် ခဲ့တဲ့ လစ်ဘရယ် ပါတီ နေရာမှာ ဒီမိုကရက်တစ် ပါတီ တော့ အနိုင်ရပြီ။
ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့် အသက်၆၂နှစ်အရွယ် Mr Hatoyama ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး အရ သြဇာ ညောင်းတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ ဖြစ်ပြီး အချမ်းသာဆုံး လွှတ်တော်အမတ် တစ်ယောက်လည်း ဖြစ်ပါ တယ်။ သူ့ရဲ့ အဖိုး ဝန်ကြီးချုပ်ဟောင်း Ichiro Hatoyama ဟာ ၁၉၅၅ခုနှစ်ကတည်းက တောက်လျှောက် ဂျပန်ကို အုပ်ချုပ် လာတဲ့ LDP ပါတီကို တည်ထောင်နိုင်ရေး ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က LDP ပါတီဝင် တဦးဖြစ်ခဲ့သူ Hatoyama က လူမှုဖူလုံရေး ကို အဓိက ထား၍ အလုံးစုံ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိ ပေးထားပါတယ်။ အမေရိကန် Standford တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး၊ မြန်မာ့ ဒီမိုကရေစီ ရေးကို သိသိသာသာ ထောက်ခံသူ ဖြစ်ပါတယ်။သူသည် ၂၀၀၂ ခုနှစ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်စဉ် တယ်လီဖုန်း ဆက်ပြီး စကား ပြောခဲ့သူဖြစ်သည်။