Pandora's Box

12/08/2009

ဟိုး ရှေးရှေးတုန်းက ကမ္ဘာမြေတွင် မကောင်းမှု များမရှိသေးပဲ ငြိမ်းချမ်းသာယာလျက်ရှိ၏။ ပထမဆုံး နတ်ဘုရားမ ဖြစ်သူ ဂိုင်အာသည် ကမ္ဘာမြေကို ဖန်ဆင်းပြီးသော အခါ အခြေချ နေထိုင် မည့်သူများ ကိုအလိုရှိ ခဲ့ သည်။ နတ်ဘုရား အားလုံး၏ဘုရင် ဇီးယုစ်က ထိုလှပသော ကမ္ဘာမြေတွင် သက်ရှိများ စတင် ဖန်ဆင်းခဲ့၏။ ဇီးယုစ်သည် ပရပ်မီးသယပ်စ်နှင့် အပီမီးသယပ်စ် ညီအစ်ကို နှစ်ယောက်ကို သူ့အား ကူညီ စေခြဲ့ပီး ကမ္ဘာမြေတွင် အခြေချ နေထိုင်သူများကို ဆက်လက်ဖန်ဆင်းစေခဲ့၏။ ပရပ်မီးသယပ်စ် ၏လုပ်ရပ်တို့ကို အခြားနတ်ဘုရား အချို့ကမနှစ်မြို့ကြပေ။
ယခုအခါ လူသားများသည် စွမ်းအား ရှိပြီး အတော်အတန်ပင် စမတ်ကျလျက် ရှိရာ မိမိတို့ကိုယ်မိမိတို့ မဟာ စွမ်းအားရှင်များ အဖြစ်မှတ်ယူလျက် နတ် ဘုရား တို့၏ တန်ခိုးအာဏာကို ပစ်ပယ်ခြင်းမပြုကြမီ ရပ်တန်းက ရပ်ကြရန် ဇီးယုစ်က ဆုံးဖြတ်လိုက်၏။
ဇီးယုစ်က ပရပ်မီးသယပ်စ်ကို ဖမ်းဆီး၍ လူသားများကို စွမ်းအား ရှိအောင် လုပ်ဆောင်ခဲ့မှု တို့အတွက် ကော့ကဆပ် တောင်တန်းများရှိ တောင်ထိပ် တစ်ခုတွင် သံကြိုးဖြင့် ချည်နှောင်လျက် အပြစ်ဒဏ် ခတ်ခဲ့၏ဲ ။
ဇီးယုစ်သည် လူသားမျိုးနွယ် တစ်ခုလုံးအား အကျိုး သက်ရောက်စေမည့် ပြစ်ဒဏ်ခတ်မှု အစီအစဉ် တစ်ခုကို ရေးဆွဲ ခဲ့၏ ဇီးယုစ်နှင့် အခြား နတ်ဘုရားများက ပရပ်မီးသယပ်စ် ဖန်ဆင်းခဲ့သော လူသားများကို စွမ်းရည်များ ယုတ်လျော့ စေလျက် အားနည်းစေလိုကြ၏။ ဇီးယုစ်၏ အမိန့်ဖြင့် ပန်းပဲနှင့် မီးနတ်ဘုရား ဟစ်ဖစ်စတပ်က ပထမ ဆုံး လူသား အမျိုးသမီး ပန်ဒေါရာကို ဖန်ဆင်း ခဲ့၏။နတ်ဘုရားများက ပန်ဒေါရာအား လှပမှုနှင့်နှစ်လိုဖွယ် ကောင်းမှုတို့ကို လက်ဆောင်အဖြစ် ပေးလိုက်ကြ၏။ ထို့အပြင် ကမ္ဘာမြေတွင် မကောင်းမှုများ ပေါ်ပေါက်လာစေရန် အတွက် လှပစွာ စီခြယ်ထားသော သေတ္တာ လေးတစ်လုံးကိုလည်း သူမနှင့်အတူ ထည့်ပေးလိုက်၏။ သို့သော် နတ်ဘုရားများက ထိုသေတ္တာ ကလေးကို မည်သည့်အခါမျှ ဖွင့်လှစ်ခြင်း မပြုရ ဟူသော ခြွင်းချက်တစ်ခု သတ်မှတ် ပေးထား၏။ အဘယ့်ကြောင့် သေတ္တာလေးအား အဖွင့် မခိုင်းရသနည်း ဆိုသည်ကို ပန်ဒေါရာ နားမလည်သော်လည်း သေတ္တာကလေး၏ လှပမှုကြောင့် နတ်ဘုရားများ၏ သတိ ပေးချက်ကို လိုက်နာရန် သဘောတူလိုက်၏။
ကမ္ဘာမြေသို့ ရောက်ရှိပြီးနောက် ပထမဆုံး စတင်တွေ့မိသောပုဂ္ဂိုလ်သည် အစ်ကိုတော် ပရပ်မီးသယပ်စ် နှင့်အတူ လူသားများနှင့်ရောနှော နေထိုင်လျက်ရှိသော အပီမီးသယပ်စ်ဖြစ်၏။ အပီမီးသယပ်စ်သည် ပန်ဒေါရာ၏ အလှကြောင့် မြင်မြင်ချင်းပင် ချစ်ကြိုက်သွားမိတော့၏။ အပီမီးသယပ်စ်တို့ စုံတွဲသည် လက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်လာခဲ့ကြ၏။ ပန်ဒေါရာ သည် လှပသော သေတ္တာ ကလေးကို နေ့စဉ်နှင့်အမျှ အရိပ် တကြည့်ကြည့်နှင့်သာ ရှိပြီး အချိန် ကြာညောင်းလာသည်နှင့် အမျှ သေတ္တာ ကလေးကိုကြည့်ရှုရုံဖြင့် အားမရနိုင်တော့ချေ။ ဖွင့်ကြည့်လိုစိတ်သည် တစ်စထက်တစ်စ ပြင်းထန် လာခဲ့ပြီး အဆုံးတစ်နေ့၌ တားဆီး ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပဲ ဖွင့်ကြည့်လိုက်မိတော့၏။
သေတ္တာ တွင်း၌ကား နတ်ဘုရားတို့သိရှိ သမျှ မကောင်းဆိုးဝါး စိတ်ဓါတ်များကို ထည့်သွင်း ထား၏။ သေတ္တာဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်သို့ လျင်မြန်စွာ ထွက်ကျကုန်၏။ ပန်ဒေါရာ၏ အခန်းတွင်း၌ ဝမ်းနည်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဒေါသထွက်ခြင်း၊ ရောဂါစွဲကပ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အခြား ရာပေါင်း များစွာသော မကောင်းသည့် စိတ်ဓါတ် များဖြင့် ဖုံးလွှမ်း သွားခြဲ့ပီး မီးခိုးငွေ့ များအတိုင်း ပြင်ပသို့ လွင့်ထွက် ကုန်ကြလျက် လူသားမျိုးနွယ်တစ်ခုလုံး ကို ထာဝရ နှိပ်စက် ဒုက္ခပေးကြတော့၏။ သေတ္ထာတွင်းမှ ထိုသို့ မကောင်းသည့် စိတ်ဓါတ်များ ထွက်ကုန် သဖြင့် ပန်ဒေါရာ ကြောက်လန့်သွားခြဲ့ပီး သေတ္တာဖုံးကို အမြန်ဆုံး ပြန်ပိတ်လိုက်၏။ သို့သော်များစွာနောက် ကျခြဲ့ပီဖြစ်သဖြင့် နတ်ဘုရားတို့၏ သတိပေးမှုကို နားမထောင်မိခဲ့သည့် အတွက် ပန်ဒေါရာ နောင်တ ရမိ၏။ နတ်ဘုရားများ၏ လက်စားချေမှု အောင်မြင်ခဲ့ပြီဖြစ်၏။ သို့သော် သေတ္တာ တွင်း၌ စိတ်ဓါတ် တစ်ခု ကျန်ရှိနေ သေးကြောင်း ပန်ဒေါရာ သိရှိခ့၏ဲ ။ ယင်းစိတ်ဓါတ်ကား “မျှော်လင့်ခြင်း” (hope) ပင်ဖြစ်၏။
မကြာမီ ပန်ဒေါရာ၏ သေတ္တာလေး ထဲမှ မကောင်းဆိုးဝါး စိတ်ဓါတ်များ၏ နှိပ်စက်မှုကြောင့် ကမ္ဘာ မြေရှိ လူသားများ အကြားတွင် ငြိမ်းချမ်းမှု ပျောက်ဆုံး သွားခဲ့၏။ နတ်ဘုရားများ၏ လက်စားချေမှုကို လူသားများ နားလည် သဘောပေါက် ခြဲ့ကပြီး မိမိတို့၏ စွမ်းရည် များတွင် ကန့်သတ်မှုများ ရှိကြောင်း လက်ခံလာ ကြ၏။ ထို့အပြင် ပန်ဒေါရာ၏ သေတ္တာတွင်း၌ “မျှော်လင့်ခြင်း” ရှိနေသေးကြောင်း သိရှိရသဖြင့် စိတ်သက်သာရာ ရခြဲ့ကပြီး နတ်ဘုရားများ အပေါ်တွင် ဒေါသ ထွက်မှုများ အတန်ငယ် ပြေပျောက် သွားကြ၏။ “မျှော်လင့်ခြင်း” မပျက်စီးသရွေ့ တစ်နေ့တွင် ကမ္ဘာမြေ၌ ငြိမ်းချမ်းမှုပြန်လည် ရရှိနိုင်လိမ့်မည်ဟု လူအများ ယုံကြည် ထားခဲ့ကြ၏။

0 comments: to “ Pandora's Box so far...